ဓာတ်ခွဲနမူနာ ၃၇၂ အား စစ်ဆေးချက်အရ COVID-19 ရောဂါလူနာသစ် မတွေ့
DVB
·
May 15, 2020
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဓာတ်ခွဲနမူနာ ၃၇၂ အား စစ်ဆေးချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ဒီနေ့မနက် ၇ နာရီက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၁ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၈၄ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးသူ ၇၁ ကို သတ်မှတ်နေရာတွေမှာ အသွားအလာဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ္။
မေ ၁၄ ရက်နေ့ညနေပိုင်းကလည်း ဆေးသုတေသနဦးစီးဌာန ဓာတ်ခွဲနမူနာ ၁၅၁ ခုတို့ကို စစ်ဆေးခဲ့ပြီး ရောဂါပိုး မတွေ့ရဘူးလို့ ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။