မြဝတီမြို့ရှိ ပြည်တန်ဆာရုံကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး
DVB
·
May 14, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဇာနည် စားသောက်ဆိုင်ဟာ ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်နေတဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေလ ၁၄ ရက် ညသန်းခေါင်ကျော် ၂ နာရီခွဲလောက်က ဝင်ရောက်စစ်ဆေးဖမ်းဆီးလိုက်ပါတယ်။
၀င်ရောက်စစ်ဆေးရာတွင် ဆိုင်တွင်းမှာ ပြည့်တန်ဆာလုပ်ရန်စောင့်နေတဲ့ အမျိုးသမီး ၃ ဦး အပါအဝင် ပြည်တန်ဆာစီမံခန့်ခွဲသူ အမျိုးသားတဦးကို မြဝတီမြို့ရဲစခန်းကို ခေါ်ယူသွားတယ်။
ဖမ်းဆီးခံရသူ ၄ ဦးကို ပြည်တန်ဆာအက်ဥပဒေ ပုဒ်မ ၇ (၁) နဲ့ ဒုရဲအုပ် မင်းရန်အောင်က စစ်ဆေးပြီး ဒုရဲအုပ် မင်းမင်းထွန်းက တရားလိုပြုလုပ် တရားစွဲနိုင်ရေးအတွက် ဆောင်ရွက် နေပါတယ်။
ဖိုးစီ