DVB Logo
Home
သတင်းတို
စောင်ရေအများဆုံး 7 Day နေ့စဉ်သတင်းစာ ထုတ်ဝေ
DVB
·
April 25, 2013
Donate to DVB

မြန်မာနိုင်ငံမှာ စောင်ရေအများဆုံး 7Day ဂျာနယ်ဟာ ဧပြီ ၂၅ ရက်နေ့ကစပြီး နေ့စဉ်သတင်းစာ ထုတ်ဝေလာပါတယ်။ စာမျက်နှာ ၂၄ မျက်နှာ ပါဝင်ပြီး စောင်ရေ ၃ သောင်းခွဲ ရိုက်နှိပ်ကာ ၁ စောင် ကျပ် ၂၀၀ နဲ့ ဖြန့်ဖြူးပါတယ်။

ဒါဟာ သတ္တမမြောက် ပုဂ္ဂလိက နေ့စဉ်သတင်းစာ ဖြစ်ပြီး ရှေ့မှာ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စု၊ စံတော်ချိန်၊ The Voice၊ ခေတ်သစ်နဲ့ Myanmar Newsweek သတင်းစာတွေ ထုတ်ဝေပြီး ဖြစ်ပါတယ်။

ဒါ့အပြင် မေ ၁ ရက်နေ့မှာ ရန်ကုန်တိုင်းမ်၊ မေ ၃ ရက်နေ့မှာ ဒေးလီးအလဲဗင်း၊ မေ ၇ ရက်နေ့မှာ မက်စင်ဂျာ နေ့စဉ် စတဲ့ ပုဂ္ဂလိကသတင်းစာ ၃ စောင် ဆက်တိုက် ထုတ်ဝေလာဦးမယ်လို့ သက်ဆိုင်ရာ ဂျာနယ်တိုက်တွေက ကြေညာထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနဟာ ပုဂ္ဂလိက နေ့စဉ်သတင်းစာ လျှောက်ထားသူတွေအနက် ၁၆
ဦးကို ထုတ်ဝေခွင့်ပြုထားပြီး ဒီကနေ့အချိန်ထိ ၇ စောင် ထုတ်ဝေနေပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013