Home
မြန်မာသတင်း
လားရှိုးတွင် Quarantine ဝင်နေသူများအတွက် မြို့ခံဂီတဝါသနာရှင်များက ဖျော်ဖြေ
ခွန်ဇော်ဦး
·
May 14, 2020
97061590_289791988718059_5941407167419514880_n
96768059_230823984885007_1487470642029658112_n
96749997_240315064071993_8597486076514271232_n
96670470_579073032725669_724296082137284608_n
96541580_669690096910377_7673872884430798848_n
ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ Facility Quarantine ဝင်နေကြတဲ့ နေရပ်ပြန်တွေကို စိတ်ဓာတ်ခွန်အားရစေဖို့အတွက် မြို့ခံဂီတဝါသနာရှင်တွေက တေးသီချင်းတွေနဲ့  ဖျော်ဖြေပေးခဲ့ပါတယ်။  COVID-19 ကြောင့် တရုတ်နိုင်ငံဘက်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ပြန်လာကြပြီး Facility Quarantine ဝင်နေကြတဲ့သူတွေကို စိတ်ဓာတ်ခွန်အားရစေဖို့အတွက် မြို့ခံဂီတဝါသနာရှင်တွေက သီချင်းတွေ သီဆိုပြီး မေ ၁၂ ရက်နေ့ညက ဖျော်ဖြေပေးခဲ့တာပါ။ ဒါ့အပြင် လားရှိုးမြို့ပေါ်မှာရှိတဲ့ လူမှုကူညီရေးအသင်း ၄၀ လောက်ကလည်း ကျရာ အခန်းကဏ္ဍမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။  လားရှိုးမြို့ပေါ်မှာ Facility Quarantine  စင်တာ ၂ ခုရှိပြီး လူဦးရေ ၇၀ ကျော်ရှိပါတယ်။  သံသယလူနာနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အခုထိတော့ မတွေ့ရသေးပါဘူး။  လက်ရှိအချိန်ထိ တရုတ်နိုင်ငံနဲ့ နယ်စပ်မြို့တွေကနေ မြန်မာလုပ်သားတွေ နေ့စဉ် ရာနဲ့ချီ ပြန်လာနေကြဆဲ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024