Home
မြန်မာသတင်း
ကျန်းမာရေးစစ်ဆေးသူများကို ရိုင်းပြစွာဆဲဆိုခဲ့သည့် အင်္ဂပူမြို့နယ်က အမျိုးသမီး ၁ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၃ လချမှတ် 
DVB
·
May 13, 2020
95837058_1662434200561472_2592201445344280576_n
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှာ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၁၈ ကို ချိုးဖောက်တဲ့ အမျိုးသမီးတဦးကို အလုပ်နဲ့ထောင်ဒဏ် ၃ လကျခံ​စေဖို့ အင်္ဂပူမြို့နယ် တရားရုံးက မေ ၁၂ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။ အင်္ဂပူမြို့နယ် သက္ကယ်ပြင်(မဲ)အုပ်စု၊ ကံဒေါင့်ကျေးရွာနေ ဒေါ်ချိုဝါလွင်နေအိမ်မှာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှ ဧည့်သည်တွေ ရောက်ရှိနေလို့ ကျန်းမာရေးဌာနနဲ့ တာဝန်ရှိသူတွေက သွားရောက်ပြီး ကျန်မာရေးဆိုင်ရာစစ်ဆေးမေးမြန်းရာမှာ အိမ်ရှင်ဒေါ်ချိုဝါလွင်က တာဝန်ရှိသူတွေကိုရိုင်းပြစွာ ဆဲဆိုကြိမ်းမောင်းခဲ့လို့ တရားစွဲရတာလို့ သိရပါတယ်။ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးဦးထွန်းလင်းခိုင်က "မနေ့ ညနေက အမိန့်ချလိုက်ပါပြီ။ အိမ်ရှင်ကဒီက တာဝန်ရှိသူတွေသွားပြီး နိုင်ငံတော်သတ်မှတ်ထားတဲ့ အကြောင်းတွေရှင်းပြပြီး  ၂၁ ရက်စောင့်ကြည်ခံဖို့ သူ့ဧည်သည်တွေကိုသွားခေါ်တာကို ဆဲဆိုလို့ တရားစွဲဆိုလိုက်တာ” လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ်မှာ COVID-19 ကပ်ဘေးကာလအတွင်းမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနဲ့ ၂ ဦးထောင်ဒဏ် ၆ လ ချမှတ်ခံရပြီး ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာဥပဒေနဲ့ ထောင်ဒဏ် ၃ လ အမိန့်ချမှတ်ထားရသူကတော့ ဒေါ်ချိုဝါလွင်အပါအဝင် ၂ ဦးရှိပြီ  ဖြစ်ပါတယ်။ သန်းထိုက်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024