DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများကို ကွန်ပျူတာ သင်တန်းပေးမည်
DVB
·
April 24, 2013
Donate to DVB

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မသန်စွမ်းသူတွေကို အသက်မွေးဝမ်းကျောင်းဘာသာရပ် ၆ မျိုးကို သင်ကြားပေးမယ်လို့ လာရောက် လျှောက်ထားနိုင်တယ်လို့ မသန်စွမ်း သက်ကြီးသင်တန်းကျောင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်မှာဖြစ်ပြီး  စက်ချုပ်၊ ဓာတ်ပုံ၊ ပိုးဇာပုံနှိပ်၊ ကွန်ပျူတာ၊ အီလက်ထရောနစ်နဲ့ ဆံသလုပ်ငန်းတွေဖြစ်ပါတယ်။

လျှောက်ထားသူဟာ အသက် ၁၈ ကနေ ၄၅ နှစ်အတွင်း ရှိရမှာ ဖြစ်ပါတယ်။ တက်ရောက်ဖို့ ရွေးချယ်ခံရသူတွေကို လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်နဲ့ လစဉ်ထောက်ပံ့ကြေး၊ နေထိုင်စရာ အဆောင်စရိတ်တွေ ထောက်ပံ့ပေးမှာဖြစ်သလို နယ်က လာရောက်သူတွေကို ခရီးစရိတ်ပြန်လည်ထောက်ပံ့မယ်လို့ ဆိုပါတယ်။

သင်တန်းတက်လိုသူတွေဟာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က သက်ကြီးသင်တန်းကျောင်း ဖုန်း ၀၁ ၆၆၁ ၇၁၂ ကို ဆက်သွယ်နိုင်ပါတယ်။

အခုလို အစိုးရက မသန်စွမ်းသူတွေအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပေးနေတဲ့အပေါ် မသန်စွမ်းတဦးအဖြစ် ဒီဗွီဘီ ရေဒီယိုစတေရှင်မှာ အလုပ်လုပ်နေတဲ့ ကိုဘိုဘိုက ကြိုဆိုလိုက်သလို မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်တွေလည်း ဖန်တီးပေးသင့်တယ်လို့ ပြောဆိုပါတယ်။

“မသန်စွမ်းသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရမယ်။ မသန်စွမ်းသူတွေအပေါ်မှာ အများပြည်သူတွေကနားလည်ပေးနိုင်မှုတွေ အားနည်းနေတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ မသန်စွမ်းသူတွေ ပါဝင်ဆောင်ရွက်နိုင်မှု ဥပဒေတွေလိုတယ်။”

ဒါ့အပြင် မသန်စွမ်းသူတွေအတွက် လွှတ်တော်မှာ ဆွေးနွေးပြဋ္ဌာန်းပေးဖို့လည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

“မသန်စွမ်းသူတွေကို နိုင်ငံရေးမှာ ပါဝင်ပတ်သက် ဆောင်ရွက်ခွင့်ပေးရမယ်။ ဘေးဖယ်ထားလို့မရဘူး။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးရဖို့ဆိုရင် လွှတ်တော်မှာတင်ရမယ်၊ မြန်မာပြည်မှာ မသန်စွမ်းဥပဒေမရှိဘူး။ အာဆီယံနဲ့ယှဉ်ရင် မြန်မာက ခေတ်နောက်ကျနေတယ်။”

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ ၁ ဒဿမ ၃ သန်းခန့် ရှိပြီး နိုင်ငံလူဦးရေရဲ့ ၂ ဒသမ ၃၂ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013