A d v e r t i s e m e n t With Us

သာယာဝတီထောင်မှ ရှမ်းတပ်မတော်အဖွဲ့ဝင် ၄၀ ဦး လွတ်မြောက်

လွတ်ေြမာက်လာသူများအား ေတွ့ရစဉ် (ဓာတ်ပံု- SNLD)
ဧပြီလ ၂၃ ရက်နေ့မှာ   နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၉၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာမှာ ရှမ်းပြည်အမျိုးသားတပ်မတော် အဖွဲ့ဝင် ၄၀ လွတ်မြောက်လာပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖမ်းဆီးခံထားရတဲ့  ရှမ်းပြည်အမျိုးသားတပ်မတော်  (အက်စ်အက်စ်အန်အေ) အဖွဲ့ဝင် ၄၀ ဦးဟာ မနေ့ ညနေ ၆ နာရီက ပဲခူးတိုင်း သာယာဝတီထောင်ကနေ ပြန်လွတ်လာပြီး ရန်ကုန်မြို့ အောင်မြေဘုံသာ ၉ မိုင် ရှမ်းကျောင်းမှာ ခေတ္တပို့ဆောင်ထားတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ရဲ့  ပြည်သူ့ဆက်ဆံရေးတာဝန်ခံ စိုင်းအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_38750" align="alignleft" width="300" caption="လွတ်မြောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ- SNLD)"][/caption] လွတ်မြောက်လာသူတွေဟာ  ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊ သိန္ဒီ၊ တန့်ယန်း၊ မိုင်းရယ်  စတဲ့ ဒေသကဖြစ်တဲ့အတွက် ဒီနေ့ ညနေ ၄ နာရီမှာ အက်စ်အန်အယ်လ်ဒီကနေ စားသောက်ရေးအတွက်လည်း ကူညီပေးပြီး လားရှိုးအထိ ကူညီ ပို့ဆောင်ပေးသွားမယ်လို့လည်း စိုင်းအောင်သိန်းက ဆက်ပြောပါတယ်။ သူတို့တွေဟာ တပ်မဟာ ၁၁ ကဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း သိန္ဒီမြို့နယ် နောင်ကွဲဖိတ် ဒေသမှာ အစိုးရတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မတ်လ ၁၄  ရက်နေ့မှာ အထူးတရားရုံးအဖွဲ့က မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ချခဲ့တာပါ။ အဖမ်းခံရတုန်းက စုစုပေါင်း ၄၅ ဦးရှိပြီး  ၅ ဦးက ထောင်ထဲမှာ ဆုံးသွားပြီလို့ လွတ်မြောက်လာသူ စိုင်းအုန်းက ပြောပါတယ်။ “၅ ယောက်က လားရှိုးထောင်မှာ ၃ ယောက်သေပြီး သာယာဝတီထောင်မှာ ၁ ယောက်နဲ့ မန္တလေးမှာ ၁ ယောက်သေတယ်။” သူတို့တွေဟာ အမ်တီအေ (Mong Tai Army) တပ်ကနေ  ခွဲထွက်လာတဲ့ ဗိုလ်မှူးBကီး ကဏ်းရွက်ရဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး ဗိုလ်မှူးကြီး ကဏ်းရွက်ကတော့ ကင်ဆာရောဂါနဲ့ ၂၀၀၄ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရှမ်းပြည်အမျိုးသားတပ်မတော် အဖွဲ့ဝင်တွေဟာ နောက်ပိုင်းမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အနေနဲ့ ဆက်လက်လှုပ်ရှားနေတာလည်း   ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားတွေ အားလုံး  ပြန်လွှတ်ပေးဖို့အတွက် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီ အဖွဲ့ဝင်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး  ဦးစိုင်းညွန့်လွင်က အဆိုပြုခဲ့တာမှာ အခုလို ၄၀ ဦး လွတ်မြောက်လာတာ ဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up