DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီးယားသွားမည်
DVB
·
April 24, 2013
ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီးယားသွားမည်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ခရီးစဉ်အပြီး ဧပြီ ၂၇ ရက်နေ့ကနေ မေ ၃ ရက်အထိ မွန်ဂိုလီးယားနိုင်ငံကို ၈ ရက်ကြာ ခရီးသွားရောက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။

မွန်ဂိုလီးယားသမ္မတ အယ်လ်ဘဂ်ဒေါ့ဂ်ျ တီဆကီဂင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့မှာ ကျင်းပမယ့် ၇ ကြိမ်မြောက် ဒီမိုကရေစီ  မိသားစု အသိုင်းအ၀န်းရဲ့ ၀န်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ ရှိပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံပေါင်း ၁၃၀ ကျော်က နိုင်ငံခြားရေးဝန်ကြီးတွေ၊   ၁၀ နိုင်ငံလောက်က နိုင်ငံအကြီးအကဲတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၂၀ လောက်က ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပြီး  ယီမင်နိုင်ငံက အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ၂၀၁၁ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မစ္စ တ၀ကူးခါမန်းလည်း တက်ရောက်ဖို့ အစီအစဉ်ရှိပါတယ်။

ဒီအစည်းအဝေးမှာ ဒီမိုကရေစီအတွက် ပညာရေး၊ အာရှနဲ့ အာရပ်ကမ္ဘာမှာ ပေါ်ထွန်းလာတဲ့ဒီမိုကရေစီ၊ ဒီမိုကရေစီနဲ့ ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်၊ ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့ အဂတိလိုက်စားမှု စတဲ့အကြောင်းအရာတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဧပြီ ၃၀ ရက်နေ့မှာတော့ မွန်ဂိုလီးယားသမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပြီး   လွတ်မြောက်ရေးခရီးလမ်းနဲ့ ရခဲ့တဲ့ သင်ခန်းစာတွေအကြောင်း အစိုးရရုံးမှာ ပူးတွဲမိန့်ခွန်း ပြောကြားမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဟောပြောချက်တွေကို တိုက်ရိုက် ထုတ်လွှင့်မှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013