Home
မြန်မာသတင်း
COVID-19 လူနာအမှတ် ၁၄၄ ပိုးကင်းစင်သွားပြီးနောက် နေအိမ်ကို Lockdown ရုပ်သိမ်း 
DVB
·
May 12, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ COVID-19 လူနာအမှတ် ၁၄၄ ကို နှစ်ကြိမ်တိုင် ဆေးစစ်ရာမှာ ပိုးမတွေ့တော့တဲ့အတွက် သူ နေထိုင်တဲ့ မိုးညှင်းမြို့ရှိ နေအိမ်ကို Lockdown ပြန်ရုပ်သိမ်းပေးခဲ့တယ်လို့ မိသားစုထံက သိရပါတယ်။ လူနာအမှတ် ၁၄၄ ကို နှစ်ကြိမ်တိုင် စစ်ဆေးပြီး ပိုးမတွေ့တော့ဘူးလို့  မေလ ၁၀ ရက်နေ့ မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ အောင်သပြေရပ်ကွက်ရှိ လူနာရဲ့ မိသားစု နေအိမ်ဆီကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေ လာရောက် Lockdown ဖြေလျှော့ပေးသွားခဲ့တယ်လို့ လူနာအမှတ် ၁၄၄ ရဲ့ ညီမဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။ အစ်ကိုက ဆေးရုံက ဆင်းခဲ့ပေမဲ့ မိုးညှင်းအိမ်ကို မရောက်သေးပါဘူး။ မြစ်ကြီးနားဆေးရုံက ဆင်းခဲ့ပေမဲ့ မြစ်ကြီးနားမြို့ သူနာပြုသားဖွားသင်တန်းကျောင်းမှာ facility  Quarantine ထပ်မံစောင့်ကြည့်နေတယ်လို့ ပြောတယ်။ ဘယ်နေ့ ပြန်လာမယ်ဆိုတာတော့ မသိရသေးဘူး။ ဖေ့စ်ဘွတ်ခ်မှာ ဆေးရုံက ဆင်းသွားပြီလို့ သိရတယ်။ ၁၄ ရက်နေပြီးမှ အိမ်ကို ရောက်မယ်လို့ သိရတယ် လူနာအမှတ် ၁၄၄ ဖြစ်တဲ့  အသက် ၂၄ နှစ်ရှိ အမျိုးသားဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်ယာမြို့နယ်ရှိ ချန်းရီ ဖိနပ်စက်ရုံမှာ တရုတ်စကားပြန်အဖြစ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ခင်သန်းညွန့် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024