DVB Logo
Home
သတင်းတို
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှု အမေရိကန် ကြိုဆို
DVB
·
April 24, 2013
Donate to DVB

မြန်မာသမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား အယောက် ၉၀ ကျော်ကို ဧပြီ ၂၃ ရက်နေ့က လွှတ်ပေးလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက  ကြိုဆိုလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရ ပက်ထရစ် ဗန်ထရဲလ်က ပြောပါတယ်။

“မြန်မာအစိုးရက ဒီနေ့မှာ နိုင်ငံရေးအကျဉ်းသား ၅၀ လောက်အပါအ၀င် အကျဉ်းသား ၉၃ ဦးလောက်ကို လွတ်မြောက်ခွင့် အမိန့်ထုတ်ပေးလိုက်တာကို ကျနော်တို့ နားလည် သဘောပေါက် ပါတယ်” လို့ ဗန်ထရဲလ်က ဧပြီ ၂၃ ရက် ၀ါရှင်တန်မှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကျနော်တို့ ကြိုဆိုအားပေးပါတယ်။ ဒါပေမယ့် ဒီနေ့တော့ အယောက် ၅၀ လောက် သူတို့လွှတ်ပေးတာကို သတိပြုမိပါတယ်လို့” လည်း သတင်းထောက်တွေကို ပြောပါတယ်။

အကျဉ်းသားတွေထဲမှာ နိုင်ငံခြားသား ၃ ဦးနဲ့ ယုံကြည်ချက်အကျဉ်းသား ၁၉ ဦးနဲ့ ရှမ်းလက်နက် ကိုင်တပ်ဖွဲ့နဲ့ဆက်နွှယ်သူ ၄၀ လောက်  ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၀၀ ကျော် ကျန်နေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီ ပေးနေတဲ့အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013