DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်
DVB
·
April 24, 2013
သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်
Donate to DVB

နိုင်ငံတကာ ပဋိပက္ခနဲ့ အကျပ်အတည်းများ လေ့လာရေးအဖွဲ့(အိုင်စီဂျီ)က သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်ပါတယ်။

ဧပြီလ ၂၂ ရက်နေ အမေရိကန်ပြည်ထောင်စု နယူးယောက် Pierre ဟိုတယ်မှာ သမ္မတ ဦးသိန်းစိန် နဲ့ ဘရာဇီလ်း သမ္မတဟောင်း လူးစ် အင်နာစီအို လူလာဒါဆေးဗာလ်း(Luiz Inácio Lula da Silva) တို့ကို ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆု ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ မတ်လ သမ္မတဦးသိန်းစိန် အစိုးရ တက်လာကတည်းက အရင်က မလုပ်ဆောင်ဖူးတဲ့ သိသာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့သလို ဆယ်စုနှစ်များစွာ ကြာမြင့်တဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး ရအောင် လုပ်ဆောင် ပေးနိုင်တယ်လို့ ဦးသိန်းစိန်နဲ့ ပတ်သက်ပြီး အိုင်စီဂျီရဲ့ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဦးသိန်းစိန်ကိုယ်စား သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆုကို လက်ခံရယူကာ ကျေးဇူးတင် စကား ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆု ချီးမြင့်ပွဲအခမ်းအနားမှာ ဖွင့်ပြခဲ့တဲ့ ဦးသိန်းစိန်ရဲ့ ဗွီဒီယိုမိန့်ခွန်းမှာတော့ အားလုံးဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေပြီ ဖြစ်သလို အတိတ်က စိတ်ကူးယဉ်ခဲ့တဲ့ အရာတွေဟာ အခုချိန်မှာ လက်တွေ့ကျကျ အကောင်ထည်ဖော်လို့ ရနေပြီလို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အနေအထားအရ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တခု ရရှိဖို့ တိုင်းရင်းသား လူမျိုးအားလုံး စုံလင်ပြီးတော့ လက်ရှိကြုံတွေနေရတဲ့ စိန်ခေါ်မှုတွေအားလုံး ရင်ဆိုင်နိုင်ဖို့ အတွက် အတိတ်က ကြုံတွေ့ရတဲ့ ခါးသီးမှုတွေကို ပြန်လည်ကုစားရမှာ ဖြစ်သလို ငြိမ်းချမ်းရေး မရှိဘဲ ဒီမိုကရေစီ မဖော်ဆောင်နိုင်သလို ဒီမိုကရေစီမရှိဘဲ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဘူးလို့ ဦးသိန်းစိန်က ပြောပါတယ်။

ဒီဆုရတဲ့သူတွေအထဲမှာတော့ အမေရိကန် ရဲ့ သမ္မတများ ဖြစ်ကြတဲ့ ၀ီလီယံ ဂျက်ဖာဆင် ကလင်တန် (William Jefferson Cliton)နဲ့ ဂျော့အိပ်ခ်ျဒဗျူလျူဘုရှ် (George H.W. Bush)၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာတီ အာတီဆာရီ (Martti Ahtisaari)နဲ့ အီလန် ဂျွန်ဆန် ဆာလိဖ်(Ellen Johnson Sirleaf)နဲ့ သူဌေးကြီး ဂျော့ခ်ျဆိုးရောစ့် (George Soros)တို့လည်း ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013