DVB Logo
Home
မြန်မာသတင်း
ကြက်ငှက်တုပ်ကွေး မြန်မာကို မကူးစက်ရေး ပူးပေါင်းကြရန် နှိုးဆော်
DVB
·
April 24, 2013
Donate to DVB

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ H7N9 ကြက်ငှက်တုပ်ကွေး အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို ကူးစက် မလာစေရေးနဲ့ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ မနေ့က အသိပေးနှိုးဆော်လိုက်ပါတယ်။

(၁) ဆောင်းခိုငှက်တွေနဲ့ အိမ်မွေး ကြက်၊ ဘဲ၊ ငုံးတွေ ထိတွေ့မှု မရှိရေး ဂရုပြုရန်။ (၂) ကြက်ငှက်မွေးမြူရေး ခြံတွေရဲ့ ဇီဝလုံခြုံရေးကို အထူးဂရုပြုရန်။ (၃) မွေးမြူရေးခြံတွေ ပိုးသတ်သန့်စင်ခြင်း လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ဖို့နဲ့ ခြံပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ပိုးသတ်ဆေး ပုံမှန်ဖျန်းရန်။ (၄) ကြက်ခြံအတွင်း ဝင်ပါက နှာခေါင်းစည်း၊ လက်အိတ် စတဲ့ အကာအကွယ်ပစ္စည်းတွေ စနစ်တကျဝတ်ဆင်ရန်၊ ကြက်ငှက်တွေကို ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာဖြင့် လက်ဆေးရန်၊ တကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ခြင်းရန်။ (၅) ကြက်ငှက် အသား၊ ဥ တို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန်။ (၆) ကြက်ငှက်တွေ ရုတ်တရက် သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်ကို ချက်ချင်း သတင်းပို့ရန်။ (၇) ရောဂါ ကြိုတင်ကာကွယ်ရေးနဲ့ ရောဂါစူးစမ်း ရှာဖွေခြင်း လုပ်ငန်းတွေမှာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရန် အစရှိတဲ့ အချက် ၇ ချက်ကို မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ် H7N9 ကြောင့် သေဆုံးသူ ၂၂ ဦး၊ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၈ ဦး ထိ ရှိလာပြီလို့ အမျိုးသားကျန်းမာရေးနဲ့ မိသားစုစီမံကိန်း ကော်မရှင်က ဧပြီ ၂၃ ရက်မှာ ပြောပါတယ်။

ရောဂါကူးစက်ခံရသူတွေထဲက လူနာ ၁၄ ဦးကတော့ ဆေးရုံမှာ စောင့်ရှောက် ကုသခံပြီးနောက် ဆင်းသွားကြပြီဖြစ်ပြီး တခြား ၇၂ ဦးကတော့ သက်ဆိုင်ရာဆေးရုံတွေမှာ ကုသခံယူနေဆဲဖြစ်တယ်လို့ ကော်မရှင်က ဆိုပါတယ်။

ရှန်ဟိုင်းမြို့က ရောဂါကူးစက်မှု ၃၃ ခုမှာ ၁၂ ဦး သေဆုံးသွားခဲ့ပြီး ကျန်စုပြည်နယ်က ရောဂါကူးစက်မှု ၂၄ ခုမှာတော့ ၃ ဦးသေဆုံးသွားတာပါ။ ကျယ်ကျန်းပြည်နယ်က ၄၂ ဦး H7N9 ဗိုင်းရပ် ကူးစက်ခံရတာမှာ လူ ၆ ဦး သေဆုံးသွားပြီး အန်းဟွီပြည်နယ်က ၄ ဦး ကူးစက်ခံရတာမှာ ၁ ဦး သေဆုံးခဲ့ပါတယ်။ ပေကျင်းမှာ ၁ ဦး၊ ဟယ်နန်ပြည်နယ်မှာ ၃ ဦးနဲ့ ရှန်တုန်မှာ တဦး တို့လည်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013