Home
မြန်မာသတင်း
UK က ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာဓာတ်ပုံဆရာ ဇေယျာလင်း ဆု ၃ ဆု ရရှိ
DVB
·
May 11, 2020
96518730_2880194165362216_3338589632366379008_n
97056684_2880194372028862_3522718196060651520_n
97377515_2880194132028886_8482416717174145024_n
UK နိုင်ငံက ကျင်းပခဲ့တဲ့ ဓာတ်ပုံပြိုင်ပွဲမှာ မြန်မာဓာတ်ပုံဆရာ ဇေယျာလင်းက ဆု ၃ ဆု ရရှိခဲ့ပါတယ်။ UK နိုင်ငံက ကျင်းပတဲ့ ကမ္ဘာ့အကောင်းဆုံး အစားအစာဓာတ်ပုံနဲ့ အနုပညာပွဲတော် ဖြစ်တဲ့ pink lady Food photographer of the year 2020 ကို ဆုပေးပွဲနဲ့ပွဲတော် မကျင်းပတော့ပဲ ဆုရရှိသူတွေဆီကိုပဲ ဆုနဲ့ ဆုတံဆိပ်တွေ ပေးပို့သွားမယ်လို့ ဆုရဓာတ်ပုံဆရာတဦးဖြစ်တဲ့ ကိုဇေယျာလင်းက ပြောပါတယ်။  ပြိုင်ပွဲသက်တမ်းတလျှေက် မြန်မာဓာတ်ပုံဆရာအနေနဲ့ ကိုဇေယျာလင်းက ပထမဆုံးဆုတွေရရှိခဲ့သူဖြစ်ပြီး ဆုရသူတွေစာရင်းကိုတော့ ဧပြီ ၂၈ ရက်နေ့ကတည်းက ကြေညာခဲ့တာပါ။  Bring Home the Harvest ဓါတ်ပုံကဏ္ဏမှာ သူဟာ The Morning Catch ဆိုတဲ့ မန္တလေးတောင်သမန်အင်းထဲမှာ လှေပေါ်ကနေ ငါးဖမ်းပိုက်ကွန်ပစ်ပြီး ဖမ်းနေတဲ့ဓာတ်ပုံနဲ့ ပထမဆုတဆုရရှိခဲ့ပြီး Food in the Field ဓာတ်ပုံကဏ္ဏမှာ ရန်ကုန်က ကုန်စိမ်းသည်ဈေးရောင်းနေတဲ့ပုံနဲ့ နောက်ထပ်ပထမဆုတဆု ရရှိခဲ့ပါသေးတယ်။  သူဟာ ပထမဆု ၂ ဆုနဲ့ ဒုတိယဆု ၁ ဆု ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပြီး နောက်ထပ်ဒုတိယဆုကတော့ အင်းလေးကန်ထဲမှာ လှေပေါ်ကနေ ငါးဖမ်းနေတဲ့ ဓာတ်ပုံနဲ့ ဒုတိယဆုရရှိခဲ့တာ ဖြစ်ပါတယ်။  ဒီဓာတ်ပုံပြိုင်ပွဲမှာ နိုင်ငံပေါင်း ၇၀ ကျော်က ဓာတ်ပုံပေါင်း ၉၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဆုပေါင်း ၂၅ ဆု ပေးအပ်တာလည်း ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024