A d v e r t i s e m e n t With Us

မိုးညှင်းမြို့ရှိ Quarantine ဝင်နေသူများကို မျိုးဆက်သစ်သဘင်အဖွဲ့ ကပြဖျော်ဖြေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အထက ၁ ကျောင်းမှာ Facility Quarantine ဝင်နေသူတွေကို မျိုးဆက်သစ်သဘင်အဖွဲ့က မေ ၁၀ ရက်၊ ည ၇ နာရီအချိန်မှာ  လာရောက် ဖျော်ဖြေ ကပြခဲ့ကြပါတယ်။ ဇာတ်တည်ထောင်သူ ကိုမြင့်သန်းက “သဘင်အစည်းအရုံးဗဟိုဥက္ကဋ္ဌက ကျနော်တို့ အစည်းအရုံး ကော်မတီတို့ကိုလည်း ပံ့ပိုးမှုတွေ ပေးထားတာ အကြိမ်ကြိမ်ရှိပါပြီ။ အဲ့ဒီထဲမှာ ကျနော်တို့ သဘင်အစည်းအရုံး ကော်မတီရဲ့ ညွှန်ကြားချက်လို့လည်း ခေါ်လို့ရတာပေါ့။ နိုင်ငံတော် ရှေ့ဆက်သွားရမယ့် လမ်းကြောင်းမှန်သမျှ ကျနော်တို့သဘင်အစည်းအရုံးက နိုင်ငံတော်နဲ့ အတူယှဉ်တွဲပါဝင်ပြီး ကူညီဆောင်ရွက်ရမယ်ဆိုတဲ့ ပဋိညာဉ်ဟာ နံပါတ် ၁ အရေးအကြီးဆုံး ဖြစ်ပါတယ်” လို့ DVB ကိုပြောပါတယ်။ လာရောက်ကပြဖျော်ဖြေတဲ့ ဇာတ်မင်းသားခေါင်းဆောင် ဝေဖြိုးအောင်က Quarantine ဝင်နေတဲ့ အချိန်မှာ ဘယ်မှမသွားရဘဲ စိတ်ဆင်းရဲနေမှာကို ကိုယ်ချင်းစာတဲ့အနေနဲ့ လာရောက်ဖျော်ဖြေတာလို့ ပြောပါတယ်။ မိုးညှင်းမြို့ အထက (၁) မှာ Facility Quarantine ဝင်နေသူ ၂၈ ဦးရှိတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up