Home
မြန်မာသတင်း
လူ ၁၉ ဦး ကူးစက်ခံထားရသည့် ခဝဲခြံ-၂ လမ်းကို နေ့စဉ် ပိုးသတ်ဆေးဖျန်းနေ (ဓာတ်ပုံ)
DVB
·
May 10, 2020
အင်းစိန်မြို့နယ်မှာ ရောဂါပိုးတွေ့ရှိသူဦးရေ ၄၄ ဦးအနက် ခဝဲခြံ ၂ လမ်းက ရောဂါပိုးတွေ့ရှိသူ ၁၉ ဦးအထိ ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အင်းစိန်မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်တဲ့ ခဝဲခြံ ၂ လမ်းကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေက Lockdown ချတာ၊ ဆေးဖျန်းတာတွေကို နေ့စဉ်ပြုလုပ်နေတယ်လို့ သိရပါတယ်။ လူနာအမှတ် ၁၅၁ က စတင်တွေ့ရှိခဲ့ပြီး လူနာအမှတ် ၁၅၁ နဲ့ အဆောင်အတူနေ ကွယ်ကဘောဆေးရုံက သူနာပြုဝန်ထမ်း ၃ ဦး လူနာနံပါတ် ၁၅၂၊ ၁၅၃၊ ၁၅၄ တို့မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ မေလ ၇ ရက်နေ့မနက်က ထုတ်ပြန်တဲ့ လူနာအမှတ် ၁၆၂ ဟာ လူနာအမှတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ တို့နဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့တဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ မေ ၇ ရက်နေ့ ည ၈ နာရီမှာ ရောဂါပိုးထပ်မံတွေ့ရှိသူ ၁၄ ဦးရှိနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၁၄ ဦးထဲက ၁၂ ဦးဟာ လူနာအမှတ် ၁၅၂၊ ၁၅၃၊ ၁၅၄ တို့နဲ့ ထိတွေ့ဆက်စပ်မိသူတွေဖြစ်ပြီး လူနာအမှတ် ၁၆၅ မှ ၁၇၆ အထိဟာ လူနာနံပါတ် ၁၆၂ ရဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံမှာ ဒီနေမနက်ပိုင်းအထိ ရောဂါပိုးတွေ့ရှိသူ ၁၇၈ ဦးရှိနေပြီး ရန်ကုန်တိုင်းမှာ ကူးစက်ခံရသူ ၁၀၀ ကျော်ရှိပြီး ကူးစက်မှုအများဆုံးက အင်းစိန်မြို့နယ်မှာ လူနာ ၄၄ ဦး၊ မရမ်းကုန်းမြို့နယ်မှာ လူနာ ၁၄ ဦး၊ တောင်ဥက္ကလာမြို့နယ်မှာ လူနာ ၁၃ ဦး တွေ့ရှိထားတယ်လို့  ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ Photo - JPaing / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024