Live
Home
မြန်မာသတင်း
မောင်တောဆေးရုံတွင် ဆရာဝန် ၁ ဦး နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံး
DVB
·
May 9, 2020
ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူဆေးရုံမျာ တာဝန်ထမ်းဆောင်နေတဲ့ မေ့ဆေးဆရာဝန်တယောက် မေ ၉ ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ အချိန်လောက်က နှလုံးရောဂါကြောင့်  ရုတ်တရက် သေဆုံးသွားတယ်လို့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “နှလုံးသွေးကြောပိတ်ပြီး သေဆုံးသွားတာဖြစ်တယ်။ သံသယဖြစ်စရာမ ရှိပါဘူး။ မနက်ကတည်းက အကောင်းပါ။ ဆရာဝန်တွေ၊ Nurse တွေရှေ့မှာကို ရုတ်တရက် သေဆုံးသွားတာဖြစ်တယ်။ နှလုံးရောဂါကြောင့် သေဆုံးတာသာဖြစ်တယ်”လို့ ပြောပါတယ်။ မောင်တောဆေးရုံမှာ ဆရာဝန်တွေ လုံလောက်မှုမရှိတာကြောင့် ဆရာဝန်/ ဆရာမတွေဟာ ၂၄ နာရီ အလုပ်လုပ်နေကြရတယ်လို့ သိရပါတယ်။ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းလှစိန်က “သူ့မှာ နှလုံးရောဂါအခံရှိတယ်လို့ သိရတယ်။ ဆေးရုံမှာ ဆရာဝန်တွေ လုံလောက်မှုမရှိတာကြောင့် မနေ့က ညတောင်မအိပ်ဘဲ အလုပ်လုပ်နေခဲ့ရတယ်လို့ သိရတယ်” လို့ ပြောပါတယ်။ သေဆုံးသူမှာ မေ့ဆေးဆရာဝန် ဒေါက်တာမြတ်ထွန်းလင်းဖြစ်ပြီး မောင်တောပြည်သူ့ဆေးရုံမှာ ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဇာတိက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က ဖြစ်တယ်လို့ သိရပါတယ်။ မောင်တောပြည်သူ့ဆးရုံမှာ ခုတင် ၅၀ ဆံ့ ဆေးရုံဖြစ်ပြီး ခုတင် ၁၀၀ ဆေးရုံအဖြစ် ပြောင်းလဲပေးဖို့ တင်ပြထားတယ်လို့ ကျန်မာရေးဌာနက သိရပါတယ်။ လင်းလက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024