ဥရောပအောင်ပွဲနေ့ ဗြိတိန်ပြည်သူများ လမ်းပေါ်ထွက် သီချင်းဆို

708
၇၅ ကြိမ်မြောက် ဥရောပအောင်ပွဲနေ့အဖြစ် မေလ ၈ ရက်က ဗြိတိန်နိုင်ငံအဝန်း ပြည်သူတွေ လမ်းပေါ်ထွက် သီချင်းအတူတူ ဆိုခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ အထိမ်းအမှတ် စစ်တွင်း ဂန္ထဝင်သီချင်းဖြစ်တဲ့ “တို့ ပြန်ဆုံကြမယ်” သီချင်းကို တယောက်နဲ့တယောက် ခပ်ခွာခွာ အနေအထားနဲ့ သီဆိုခဲ့ကြတာပါ။
ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီ ခြွင်းချက်မရှိ လက်နက်ချတာကို မဟာမိတ်တွေ လက်ခံလိုက်တာက ဥရောပ အောင်ပွဲနေ့ (VE Day) နေ့ကို ပေါ် ပေါက်စေပါတယ်။
ဗြိတိန်ဟာ VE Day အခမ်းအနားတွေကို စည်စည်ကားကား ကျင်းပဖို့ စီစဉ်ထားပေမယ့် လော့ဒေါင်း အစီအမံတွေကြောင့် မူလအစီအစဉ်တွေကို အကျဉ်းချုံးခဲ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို တားဆီးတဲ့အနေနဲ့ မတ် ၂၃ ရက်ကစလို့ ဗြိတိန်မှာ အသွားအလာကန့်သတ်တဲ့ အစီအမံတွေကို ချမှတ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။