စက်ရုံပြန်မဖွင့်ရန် ညွှန်ကြားထားသော်လည်း တက်စ်လာဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်နေ

1.2K
အမေရိကန် ကျန်းမာရေးဌာနက တက်စ်လာ ကယ်လီဖိုးနီးယား မော်တော်ကား စက်ရုံကို ပြန်မဖွင့်ဖို့ ညွှန်ကြားချက်ထုတ်ထားပေမယ့် မေလ ၈ ရက်က တက်စ်လာဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်ဝင်နေပါတယ်။
တက်စ်လာဝန်ထမ်း ကားပါကင်အတွင်း ရာနဲ့ချီတဲ့ မော်တော်ကားတွေကို တွေ့ရပြီး ဝန်ထမ်းတွေ စက်ရုံထဲ ဝင်ထွက်နေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အဲဒီဝန်ထမ်းတွေဟာ ညွှန်ကြားချက်အရ ခွင့်ပြုထားတဲ့ မရှိမဖြစ် လာရမယ့် ဝန်ထမ်းတွေလား၊ ဒါမှမဟုတ် ထုတ်လုပ်ရေးပိုင်း ပြန်ဝင်ဖို့ ညွှန်ကြားထားတဲ့ စက်ရုံလုပ်သားတွေလား ဆိုတာကို ရိုက်တာက အတည်မပြုနိုင်သေးပါဘူး။
ဒီလို ဝန်ထမ်းတွေ ဝင်ထွက်နေတဲ့ ရက်ဟာ တက်စ်လာကားစက်ရုံ ပြန်မဖွင့်ရဘူးဆိုပြီး ကျန်းမာရေး အာဏာပိုင်တွေ ပြောဆိုတဲ့ ရက်နဲ့ တရက်တည်း ဖြစ်ပါတယ်။
တက်စ်လာရဲ့ တခုတည်းသော အမေရိကန် မော်တော်ကားစက်ရုံဖြစ်တဲ့ ဖရီးမောင့်က စက်ရုံကို အကန့်အသတ်နဲ့ ထုတ်လုပ်ရေး ပြန်စမယ်လို့ မေလ ၇ ရက်မှာ တက်စ်လာစီအီးအို အီလွန်မာ့စ်က ဝန်ထမ်းတွေကို ပြောဆိုခဲ့ပါတယ်။
မေလ ၇ ရက် မွန်းလွန်ပိုင်းမှာလည်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက စက်ရုံတွေ ပြန်ဖွင့်ခွင့်ပြုမယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ တက်စ်လာ မော်တော်ကား စက်ရုံရှိရာ အယ်လာမယ်ဒါကောင်တီကတော့ လော့ဒေါင်း အစီအမံတွေကို မေလကုန်အထိ ဆက်ထားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။