Live
Home
သတင်းတို
ဒီမိုကရေစီကိုသွားရန် မီဒီယာ လွတ်လပ်ခွင့်ပေးရမည်
DVB
·
April 23, 2013
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ မယဉ်ပါးသေးကြောင်း၊ ဒီမိုကရေစီကို သွားဖို့ မီဒီယာလွတ်လပ်ခွင့်ပေးရမယ် ဖြစ်ကြောင်း တရားရုံး ၃ ရုံးမှာ တရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးက ပြောပါတယ်။ ဧပြီ ၂၂ ရက် ဗဟန်းတရားရုံးကို ရုံးထုတ်စစ်ဆေးစဉ် တရားရုံးအတွင်းကို မီဒီယာတွေ အပါအ၀င် သာမန်ပြည်သူလူထုကို ၀င်ရောက်ကြားနာခွင့်မပေးတဲ့အပေါ် သူက ခုလို မှတ်ချက်ပေး ပြောဆိုတာ ဖြစ်ပါတယ်။ မီဒီယာတွေနဲ့ ပြည်သူတွေကို ၀င်ခွင့်မပေးတဲ့အတွက် တရားရုံးပြင်ပမှာ လုံခြုံရေးရဲ တချို့နဲ့ သံဃာတော်တချို့ အခြေအတင် အငြင်းပွားခဲ့ကြပါတယ်။ ကိုရဲမင်းဦးဟာ ကျောက်တံတား တရားရုံး၊ ဗဟန်းတရားရုံး နဲ့ သာကေတမြို့နယ် တရားရုံးတွေမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လုပ်မှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၅၄ တို့နဲ့ တရားစွဲခံထားရသူ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024