Home
မြန်မာသတင်း
ဟိုပင်မြို့အနီးတွင် ဘိန်းဖြူလို့ယူဆရသည့် မူးယစ်ဆေးများ ဖမ်းမိ 
DVB
·
May 9, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ အနီးမြောက်ဘက် ၅ မိုင်လောက်အကွာ မြစ်ကြီးနား-မန္တလေးသွား ပြည်ထောင်စု ကားလမ်းမကြီးမှာ မော်တော်ယာဉ်တစီးပေါ်ကနေ ဘိန်းဖြူလို့ယူဆရတဲ့ မူးယစ်ဆေးဝါး ဆပ်ပြာခွက် ၄၄ ခု ဖမ်းမိခဲ့တယ်လို့ ဟိုပင်နယ်မြေရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ မေလ ၇ ရက် ည ၁၀ နာရီလောက်က မူးယစ်ဆေးဝါး သယ်ဆောင်လာကြောင်း သတင်းအရ  ဟိုပင်မြို့နဲ့ ကြာကြီးကွင်းကျေးရွာအကြား နန့်ခွင်တံတားထိပ်မှာ ဟိုပင်နယ်မြေရဲစခန်းက နယ်ထိန်းအရာရှိ ဒုရဲအုပ်အောင်ဗိုလ်ဗိုလ်ကျော်နဲ့တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့ စောင့်ဆိုင်းနေစဉ် မင်းသူ မောင်းနင်ပြီး ဇော်ဒွဲ( ခ) အဒွဲနဲ့  လမောင်ဂမ် လိုက်ပါလာတဲ့ နစ်ဆန်းယာဉ်ကို စစ်ဆေးရာက ဖမ်းဆီးမိခဲ့တာပါ။ မော်တော်ယာဉ်နောက်ခန်းမှ love is flower စာတမ်းပါရောင်စုံဆပ်ပြာခွက်အတွင်း ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ/ဝါကြား အမှုန့် ၁၀ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၄၄ ခွက်အား ရှာဖွေတွေ့ရှိခဲ့တာပါ။ အလားတူ ဟိုပင်မြို့၊ ၇ မိုင်ကျေးရွာ အုပ်စု၊ အင်းတော်ကြီးဒေသ နန့်မွန်းသွား ကားလမ်း ၉ မိုင် တောင်ထိပ်မှာလည်း မေ ၇ ရက် မနက် ၃ နာရီလောက်က ကျပ် ၇၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ နန့်မွန်းသွားကားလမ်း ၉ မိုင် တောင်ထိပ်မှာ မိုးညှင်း မူးယစ်တပ်ဖွဲ့စု (၃) ရဲအုပ် ဝင်းကျော်ကျော် ဦးစီးအဖွဲ့ နဲ့ ဟိုပင်နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့တို့ စောင့်ဆိုင်းစဉ် နန့်မွန်းမှ ဟိုပင်ကို ကျော်မင်းဦး မောင်းနှင်ပြီး ဇော်မင်းသိန်း (ခ) သားငယ် လိုက်ပါလာတဲ့ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ ဘိန်းဖြူလို့ ယူဆရတဲ့ မူးယစ်ဆေးဝါးဖြူ/ဝါကြား အလေးချိန် ၁၀ ဂရမ်ခန့်ပါ ၁၁ ခွက်ကို တွေ့ရှိခဲ့တာပါ။ သူတို့ ၄ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ပုဒ်မ ၁၉( က)/၂၁ အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024