ပေါ့ဘာနှင့် ဖာနန်ဒက်စ်ကို တွဲဖက်ကစားစေမည်ဟု ဆိုးလ်ရှား ပြော

ဓာတ်ပုံ - ဒေးလီးမေးလ်
583
မန်ယူ ကွင်းလယ်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ တွဲဖက်ကစားနိုင်မယ့် နည်းလမ်း ရှာဖွေမယ်လို့ နည်းပြဆိုးလ်ရှားက ပြောလိုက်ပါတယ်။
ပေါ့ဘာဟာ ရာသီအစမှာကတည်းက ခြေချင်းဝတ်ဒဏ်ရာကြောင့် ပွဲစဉ် ၈ ပွဲပဲ ကစားခဲ့ရပါတယ်။ ဖာနန်ဒက်စ်ကတော့ ဇန်နဝါရီအပြောင်းအရွှေ့က ရောက်ရှိလာခဲ့ပြီးနောက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
သူတို့ ၂ ဦးဟာ လက်ရှိအချိန်အထိ တွဲဖက်ကစားဖူးခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ပေါ့ဘာရဲ့ ဒဏ်ရာ ပြန်လည်ကောင်းမွန်လာတာကြောင့် ဖာနန်ဒက်စ်နဲ့ တွဲဖက်ကစားနိုင်မယ့် နည်းလမ်းရှာမှာဖြစ်ပြီး နည်းပြအဖွဲ့နဲ့လည်း တိုင်ပင်ထားပြီးဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
ဒါပေမဲ့ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ တွန်မီနေး၊ ဖရက်ဒ်နဲ့ မာတစ်တို့လည်း ရှိတာကြောင့် ကွင်းလယ်ကစားသမားတွေအားလုံးကို အသုံးပြုလို့ မရနိုင်ကြောင်း ဆိုးလ်ရှားက ပြောပါတယ်။
ကစားသမားကောင်းတွေ မှန်ရင် အတူတွဲဖက် ကစားနိုင်ကြလေ့ရှိတာကြောင့် ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ဟာ အကောင်းဆုံးတွဲဖက် ကစားနိုင်လိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက ယုံကြည်နေပါတယ်။