Homeမြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း အစိုးရခွင့်ပြုချက်ဖြင့် ပြန်ဖွင့်လှစ်နေသည့် စက်ရုံ ၈၀ ခန့်ကို ပြန်စစ်ဆေးနေ
ရန်ကုန်တိုင်းအတွင်း အစိုးရခွင့်ပြုချက်ဖြင့် ပြန်ဖွင့်လှစ်နေသည့် စက်ရုံ ၈၀ ခန့်ကို ပြန်စစ်ဆေးနေ
DVB
·
May 8, 2020
ရန်ကုန်တိုင်းမှာတော့ တိုင်းအစိုးရခွင့်ပြုချက်နဲ့ပြန်ဖွင့်ခွင့်ရထားတဲ့ စက်ရုံအလုပ်ရုံ ၂၇၀၀ လောက်မှာ ဘီအဆင့်နဲ့ စီ အဆင့်ဖွင့်ခွင့်ပေးထားတဲ့ စက်ရုံ ၈၀ လောက်ကို ပြန်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းအစိုးရခွင့်ပြုချက်နဲ့ ပြန်ဖွင့်နေတဲ့စက်ရုံအလုပ်ရုံတွေထဲမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အကြံပြုချက်တွေကို လိုက်နာဖို့ပျက်ကွက်တဲ့ စက်ရုံအလုပ်ရုံ တချို့ရှိနေပါတယ်။
အဲ့လိုလိုက်နာဖို့ပျက်ကွက်တဲ့စက်ရုံအလုပ်ရုံတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေက အလုပ်သမားအဖွဲ့စည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို တိုင်ကြားတာတွေရှိနေပြီး ပြန်စစ်ဆေးပေးဖို့ သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားနေရတယ်လို့ လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။
ပြန်ဖွင့်တဲ့ စက်ရုံအလုပ်ရုံတွေထဲမှာ တချို့စက်ရုံတွေက စည်းကမ်းလိုက်နာပေမယ့် တချို့စက်ရုံတွေကတော့ ဟန်ပြပုံစံအနေနဲ့သာ စစ်ဆေးခံပြီး ယခင်ပုံစံအတိုင်း လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံတချို့လည်းရှိနေလို့ ပြန်စစ်ပေးဖို့ တိုင်ကြားတာတွေလုပ်နေရတာလို့ အလုပ်သမားအဖွဲ့စည်းတွေက ပြောပါတယ်။
စက်ရုံအလုပ်ရုံတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွေက ကြီးကြပ်ပြီး ဧပြီ ၂၀ ရက်က စတင် စစ်ဆေးနေတာပါ။
ရန်ကုန်တိုင်းမှာဆိုရင် စက်ရုံအလုပ်ရုံ အလုပ်ဌာနပေါင်း ၆၀၀၀ ကျော်ရှိနေပြီး ဒီကနေ့ မေ ၈ရက်နေ့အထိ စစ်ဆေးပြီးတဲ့စက်ရုံအရေ အတွက်၃၅၀၀လောက်ရှိလာပါပြီ။
ဇာခြည်