အဆိုတော်နီတာ  Negative ၂ ကြိမ်ဖြစ်၊ ဆေးရုံကဆင်းပြီး Quarantine ဝင်မည်

ဧပြီ ၁၇ ရက်နေ့က COVID-19 ပိုးတွေ့အတည်ပြုလူနာအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာထားတဲ့ အဆိုတော်နီတာဟာ ပြန်လည်စစ်ဆေးရာမှာ ပိုးမတွေ့တော့ဘဲ  Negative ၂ ခါဖြစ်လို့ ဆေးရုံကဆင်းပြီး Quarantine ၃ ပတ်ဆက်ဝင်မယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ Case 84 အဆိုတော် နီတာဟာ မေလ ၃ ရက်နေ့က Negative တစ်ကြိမ် မေလ ၇ ရက်နေ့မှာ Negative တစ်ကြိမ် အဖြေထွက်ပြီးနောက်ဆေးရုံကဆင်းဖို့ ပြင်နေပြီဖြစ်ပါတယ်။ လက်ရှိမှာ ဆေးရုံတာဝန်ရှိသူတွေ လာရောက်အကြောင်းကြားတာကို စောင့်ဆိုင်းနေပြီးနောက် ဆေးရုံက ဆင်းပြီးရင် Facility Qurantine ၁၄ ရက် နဲ့ Home Quarantine ၇ ရက်ဆက်ဝင်ရမှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up