Home
မြန်မာသတင်း
နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲဝင်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ် 
DVB
·
May 7, 2020
ကိုယ်တိုင်ဖန်တီးတဲ့ Mask နှာခေါင်းစည်းချုပ်ပြိုင်ပွဲမှာ  ပါဝင်ဆင်နွှဲနိုင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်က တဆင့် ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီပို့စ်မှာတော့  အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်းချုပ်လုပ်မှုပြိုင်ပွဲလုပ်ဖို့ စဉ်း စားနေရင်းက ပို့စ်တခုတင်ခဲ့ရာကနေ ပြည်သူတွေထဲမှာ စိတ်ဝင်စားမှုရှိကြောင်းသိခဲ့ရလို့ ပြိုင်ပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။        စည်းကမ်းချက်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အရောင်၊ ဒီဇိုင်းနှစ်သက်ရာ ရွေးချယ်ထားတဲ့ နှာခေါင်းစည်းတခု (တခု ထက်များလည်းရပါတယ်) ကိုယ်တိုင် ချုပ် ရမှာဖြစ်ပြီး လက်နဲ့ပဲချုပ်ချုပ်၊ စက်နဲ့ပဲချုပ်ချုပ် ရတယ်လို့ ဖော်ပြထားပါတယ်။ ချုပ်တဲ့ အခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ “အဝတ်နဲ့ပြုလုပ်သော နှာ ခေါင်းစည်းနဲ့ပတ်သက်တဲ့ သိကောင်းစရာများ”ကို ကိုးကားပြီး ချုပ်လုပ်ရမှာဖြစ် ကြောင်း ဖော်ပြထားခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပို့စ်မှာပါ တပါတည်း ဖော်ပြထားခဲ့တာကို တွေ့ရပါ တယ်။        အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်း နှာခေါင်းစည်းတခုကို ကိုယ်တိုင်ချုပ်ပြီး နှာခေါင်း စည်းတပ်ထားတဲ့ပုံကို လာမယ့် မေလ ၁၃ ရက်နေ့မှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ပေးသွား မယ်လို့ ဆိုပါတယ်။        ပြိုင်ပွဲဝင်ပြည်သူတွေရဲ့ နှာခေါင်းစည်း ချုပ်လုပ်မှုဓာတ်ပုံတွေကိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပို့စ်အောက်မှာ မေလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ၃ ရက်တာ ကာလအတွင်း တင်ပေးသွားရမှာဖြစ်ပြီး အဲဒီထဲ ကမှ ပြည်သူတွေ အနှစ်သက်ဆုံးဖြစ်တဲ့ Like အများဆုံး ရရှိသူ ၃ ဦးကို ရွေးချယ်ဖော်ပြ ပြီး ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။        ဆုရွေးချယ်တဲ့ နေရာမှာတော့ ကျန်းမာရေးနဲ့ ညီ၊ မညီ၊ ဘယ်လိုချုပ်ထားတယ် ဆို တာကိုတွေကိုလည်း ထည့်စဉ်းစားသွားမယ်လို့ ဆိုပါတယ်။        နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ကပ်ဘေးကာလ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက် သွယ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဖေ့စ်ဘွတ်ခ်အင်တာနက်လ လူမှုကွန်ရက်ကို စတင်အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့ အကောင့်မှာ ပရိသတ်(Followers) ၂ သန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။ လတ်တလော COVID-19 ကပ်ဘေးကာလမှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်း အနားတွေကို ရှောင်ကြဉ်ကြဖို့က အရေးပါသလို မတတ်သာလို့ အပြင်ကို ထွက်ရချိန်မှာ လည်း တကိုယ်ရေသန့်ရှင်းရေးနဲ့ ကာကွယ်ရေးအသိရှိဖို့ကလည်း အရေးတကြီး လိုအပ် နေချိန် ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ ပြည်သူတွေ အပြင်ထွက်ရင် Mask တပ်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်း ပြောကြားနေတာဖြစ်ပါတယ်။  ဓာတ်ပုံ - aung san suu kyi
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024