DVB Logo
Home
မြန်မာသတင်း
စပစ်ဖိုင်းယား တိုက်လေယာဉ်အပိုင်းအစ တွေ့ရှိပြီ
DVB
·
April 22, 2013
စပစ်ဖိုင်းယား တိုက်လေယာဉ်အပိုင်းအစ တွေ့ရှိပြီ
Donate to DVB

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ မြှုပ်နှံထားတဲ့ စပစ်ဖိုင်းယား တိုက်လေယာဉ်တွေနဲ့ ပတ်သက်တဲ့ အပိုင်းအစတွေကို တွေ့ရှိပြီလို့ တူးဖော်ရေးမှာ ပါဝင်တဲ့ မြန်မာဘူမိဗေဒပညာရှင်တဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာ မြှုပ်နှံထားတဲ့  စပစ်ဖိုင်းယားလေယာဉ်နဲ့ ပတ်သက်တဲ့ အပိုင်းအစတွေ လွန်ခဲ့တဲ့ရက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ရှာဖွေရေးမှာပါတဲ့ ဘူမိဗေဒပါမောက္ခ (အငြိမ်းစား) ဒေါက်တာစိုးသိန်းက ပြောပါတယ်။

[caption id="attachment_35209" align="alignleft" width="300" caption="အငြိမ်းစား ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်း"][/caption]

“ပစ္စည်းတွေက အကုန်မြှုပ်ထားတာ၊ အပိုင်းအစတွေတွေ့တာ မှန်တယ်။ ပထမအဖွဲ့ပြောတာ မတွေ့ဘူးဆိုတာ မှားတယ်။ သူတို့က မှတ်တမ်းသေချာမလုပ်ဘူးလေ။ နောက် ကျနော်လည်း စနစ်တကျလုပ်ထားတာ၊  အောက်မှာအကုန် ကျနော်လည်း တွေ့တဲ့အပိုင်းတွေပြတယ်။ ပစ္စည်းတွေရှိတာမှန်တယ်လေ။ ကျနော်တို့က အပေါ်ကိုဆွဲတင်ဖို့နဲ့ထုတ်ယူဖို့ပဲ လုံးပန်းနေရတာ။ မြန်မာပြည်မှာ အစင်းပေါင်း ကျနော်ရတဲ့စာရင်းက ၁၄၀၊ သူတို့စာရင်းအရ အားလုံးပေါင်း ၁၆၀ ရှိတယ်။ အများကြီးပဲ။”

ဒါ့အပြင် မြစ်ကြီးနားမှာ လေယာဉ် တူးဖော်ဖို့အတွက်တော့ လေယာဉ်တွေကို ရှာဖွေခဲ့တဲ့ ဒေးဗစ်ကင်ဒဲလ်က ဘယ်လို လုပ်ဆောင်မလဲဆိုတာကို မသိသေးဘူးလို့ သူက ပြောပါတယ်။

လေယာဉ်တူးဖော်ရှာဖွေရေးကို နိုင်ငံတော်အစိုးရ၊ ရွှေတောင်ပေါ်ကုမ္ပဏီနဲ့ ဘီဂျေစီကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကနဦးပိုင်းက ဒီရှာဖွေရေးလုပ်ငန်းကို ကုန်ကျစရိတ်တွေ ထောက်ပံ့ခဲ့တဲ့ ၀ါလ်းဂိမ်းမင်း ကုမ္ပဏီက လေယာဉ် အစိတ်အပိုင်းတွေ ထည့်သွင်းထားတဲ့ သေတ္တာတွေကို မင်္ဂလာဒုံ လေတပ်စခန်းမှာ မြှုပ်နှံခဲ့ခြင်းမရှိဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် တူးဖော်ရာမှာ ပါဝင်တဲ့ ရွှေတောင်ပေါ်ကုမ္ပဏီက  တွေ့မယ်လို့ ယုံကြည်ပြီး ဆက်လက်ရှာဖွေမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ ဗြိတိသျှစပစ်ဖိုင်းယား စုစုပေါင်း ၁၂၄ စင်း မြှုပ်နှံထားပြီး အစီး ၃၀ ကျော်ကို မင်္ဂလာဒုံလေဆိပ်ဝန်းကျင်မှာ  မြှုပ်နှံထားတယ်လို့လည်း ယူဆပြီး ရှာဖွေနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
စပစ်ဖိုင်းယား တိုက်လေယာဉ်အပိုင်းအစ တွေ့ရှိပြီ