အိန္ဒိယတပ်ဖွဲ့ စစ်ဆင်ရေးအတွင်း သူပုန်ခေါင်းဆောင်အပါအဝင် စစ်သွေးကြွ ၄ ဦး သေဆုံး

ဓာတ်ပုံ-ရိုက်တာ
1.1K
အိန္ဒိယအစိုးရ အုပ်ချုပ်တဲ့ ကတ်ရှ်မီးယားဒေသမှာ မေလ ၆ ရက်က အစိုးရတပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေ တိုက်ပွဲဖြစ်ခဲ့ပြီး သူပုန်ခေါင်းဆောင် အပါအဝင် စစ်သွေးကြွ ၄ ယောက် သေဆုံးခဲ့ပါတယ်။
ပူရ်ဝါးမားခရိုင်က ရွာတရွာမှာ စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘူ မူဂျာဟေဒင်တပ်မှူး ရီယက်ဇ်နိုက်ကူ ပုန်းအောင်းနေတယ်ဆိုတဲ့ သတင်းကို ရရှိပြီးနောက် မေလ ၅ ရက် နှောင်းပိုင်းမှာ အိန္ဒိယတပ်ဖွဲ့ဝင် ရာချီပြီး စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။
ရီယက်ဇ်နိုက်ကူဟာ ၂၀၁၆ ခုနှစ်မှာ သေဆုံးခဲ့တဲ့ မူဂျာဟေဒင် တပ်မှူး ဘာဟန်ဝမ်နီရဲ့ လက်ထောက်ဖြစ်ပြီး ဘာဟန်ဝန်နီ သေဆုံးတဲ့အတွက် လနဲ့ချီပြီး မငြိမ်မသက်တာတွေ ဖြစ်ခဲ့ပါတယ်။
သင်္ချာဆရာဟောင်း တပ်မှူးနိုက်ကူရဲ့ ခေါင်းကို ဖြတ်နိုင်ပါက ရူပီးငွေ ၁ ဒသမ ၂ သန်း ချီးမြှင့်မယ်လို့ ဆုကြေးထုတ်ထားပါတယ်။
နိုက်ကူသေဆုံးတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ မဖြစ်စေဖို့ အိန္ဒိယအာဏာပိုင်တွေက မေလ ၆ ရက်အစောပိုင်းကတည်းက ကတ်ရှ်မီးယားဒေသမှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။
ကတ်ရှ်မီးယားဒေသမှာ အိန္ဒိယအစိုးရ အုပ်ချုပ်တာကို ခွဲထွက်ရေးသမားတွေ လက်နက်ကိုင် ဆန့်ကျင်လာခဲ့တာ ဆယ်စုနှစ်ချီ လာခဲ့ပါပြီ။
ခွဲထွက်ရေးသမား အများစုက ကတ်ရှ်မီးယားဒေသအတွက် လွတ်လပ်ရေးရလိုတာ ဒါမှမဟုတ် အိန္ဒိယရဲ့ ပြိုင်ဘက် ရန်သူဟောင်း ပါကစ္စတန်နဲ့ ပူးပေါင်းလိုတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။