Home
မြန်မာသတင်း
COVID-19 ကြောင့် ကညင်ချောင်းစီးပွားရေးဇုန် မဖွင့်နိုင်သေးဟု မောင်တောကုန်သည်ကြီးများ အသင်းပြော
DVB
·
May 7, 2020
ရခိုင်ပြည်နယ် ‌မောင်တောမြို့မှာ အကောင်ထည်ဖော်တည်ဆောက်နေတဲ့ ကညင်ချောင်း စီးပွားရေးဇုန်ကို ဧပြီလကုန်ပိုင်း ဖွင့်လှစ်လည်ပတ်ဖို့ လျာထားခဲ့ပေမယ့် COVID 19 ရောဂါကြောင့် ဖွင့်လှစ်လည်ပတ်နိုင်မှာ မဟုတ်သေးဘူးလို့ မောင်တော ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ပြောပါတယ်။  “အခု ကမ္ဘာတဝန်းဖြစ်ပေါ်နေတဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကြောင့် ဖွင်လှစ်လည်ပတ်နိုင်ခြင်း မပြုနိုင်တော့ပါဘူး။ ပြီးစီးမှုက ၉၀ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ COVID-19 ရောဂါကြောင့် ဇုန်တည်ဆောက်ရေးလုပ်ရာမှာလည်း အချိန်ကြန့်ကြာမူတွေတော့ ရှိနေတာပေါ့။ COVID-19 ရောဂါ ထိန်းချုပ်နိုင်တဲ့အချိန်ထက် လူစုလူဝေး လုပ်ခွင့်ရတဲ့အချိန်မှာမှ ဇုန်ကိုဖွင့်လှစ်လည်ပတ်သွားရမှာဖြစ်တယ်။"  အဲ့ဒီ ကညင်ချောင်းစီးပွားရေးဇုန်ဟာ ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောင်းသူဈေးကွက် ဖော်ဆောင်နိုင်ဖို့ ဒေသတွင်း အလုပ်အကိုင် အခွင့်လမ်းတွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ်က စတင် အကောင်ထည်ဖော် တည်ဆောက်နေတာပါ။  အဲဒီစီမံကိန်းကို ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဖြစ်စဉ်တွေကြောင့် လုပ်ငန်းတွေရပ်တန့်ထားခဲ့ရပြီး ၂၀၁၈ နှစ်လယ်ပိုင်းမှသာ အကောင်ထည်ဖော် တည်ဆောက်ရေး လုပ်ငန်းပြန်စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကညင်ချောင်းစီးပွားရေးဇုန်ကို အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းပြီး သိန်းပေါင်း ၃၈၀၀၀ ကျော်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024