DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှားသမ္မတ မြန်မာပြည်သွားမည်
DVB
·
April 22, 2013
အင်ဒိုနီးရှားသမ္မတ မြန်မာပြည်သွားမည်
1 / 2
Donate to DVB

အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်းယူဒိုယိုနိုနဲ့ ဇနီးဖြစ်သူတို့ဟာ မြန်မာနိုင်ငံအပါအ၀င် အာဆီယံ ၃ နိုင်ငံကို သွားရောက်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အင်ဒိုနီးရှားသတင်းစာတွေမှာ ဖော်ပြပါတယ်။

သမ္မတ ဆူစီလိုဘမ်ဘန်းဟာ ၆ ရက်ကြာ အာဆီယံဒေသတွင်း ခရီးအဖြစ် ဒီနေ့  စင်ကာပူနိုင်ငံကို ပထမဆုံးသွားရောက်မှာဖြစ်ပြီး စင်ကာပူသမ္မတ လီရှန်လွန်းနဲ့ တွေ့ဆုံပြီးနောက်  စင်ကာပူ နန်ယန်း နည်းပညာတက္ကသိုလ်က ပေးအပ်မယ့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံယူဖို့ ရှိပါတယ်။

[caption id="attachment_38653" align="alignleft" width="300" caption="အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်းယူဒိုယိုနိုနဲ့ ဇနီး"][/caption]

ဧပြီ ၂၃ ရက် မှာတော့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။  နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်ရေး၊ စွမ်းရည်မြှင့်တင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေမှာ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ အင်ဒိုနီးရှား သမ္မတရဲ့ နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ  တီယူကု ဖိုင်ဇာဆာယာ (Teuku  Faizasyah)က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန်အလှန်အားဖြင့် အင်ဒိုနီးရှား သမ္မတက မြန်မာနိုင်ငံကိုသွားရောက်တာပါ။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာအရေးကိစ္စအပါအ၀င် ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဒီမိုကရေစီရေး တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ ခွဲခြားဆက်ဆံမှုတွေအဆုံးသတ်ဖို့ တောင်းဆိုနေတဲ့  အင်ဒိုနီးရှားနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အကြား စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။

အင်ဒိုနီးရှားသမ္မတရဲ့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မှုကနေ မြန်မာနိုင်ငံအနေနဲ့ ပိုမို တံခါးဖွင့်လာမှာဖြစ်ပြီး ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု အရှိန်မြှင့်တင်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဖိုင်ဇာဆာယာက ပြောပါတယ်။
အင်ဒိုနီးရှားသမ္မတနဲ့အဖွဲ့ဟာ   မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ဧပြီ ၂၄ ရက်နေ့ ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။့

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013