Homeမြန်မာသတင်း
အင်းစိန်မြို့နယ်တွင် COVID-19 လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ၁၆၂ ဦးရှိလာ
အင်းစိန်မြို့နယ်တွင် COVID-19 လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ၁၆၂ ဦးရှိလာ
DVB
·
May 7, 2020
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အမျိုးသမီး ၁ ဦးမှာ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ် အတည်ပြု တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။
အသက် ၄၃ နှစ်အရွယ်ရှိတဲ့ အဆိုပါ လူနာသစ် အမျိုးသမီးဟာ COVID-19 လူနာ အမှတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ တိုနဲ့ ထိတွေ့မှုရှိခဲ့သူဖြစ်ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာ အဖြစ် ထားရှိသူဖြစ်ပါတယ်။
မနေ့ညပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ (ဒုတိအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၈၄) ခုမှာ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁ ဦး စစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ မေလ ၇ ရက် မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၆၂ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ၅၀ ဦး ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။
ဓာတ်ပုံ- MOHS