တရုတ်နိုင်ငံက ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၉၂ ဦးကို မိုင်းယန်းသို့လွှဲပေး 

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသား  ၄၉၂ ယောက်ကို အထူးဒေသ ၄ နယ်မြေ ဆီလူးဒေသမှာ facility quarantine ၂၁ ရက် ထားရှိခဲ့ရာမှာ စောင့်ကြည့်ကာလ ပြည့်သွားတာကြောင့် မိုင်းယန်းမြို့အုပ်ချုပ်ရေးအာဏာပိုင်တွေထံ ဒီနေ့မနက်က လွှဲပြောင်းပေးလိုက်ပါတယ်။  မိုင်းယန်းမြို့မရဲစခန်းမှ  စခန်းမှူး ဒုရဲမှူးကိုကိုဇော်က “အားလုံး ၄၉၂ ယောက်ပါ။ ရခိုင်ပြည်နယ်ထဲက အများဆုံးပါတယ်။  ဖရဲ၊ သခွားခြံလုပ်သားတွေပါ။ အထူးဒေသ ၄ နယ်မြေကို ရောက်လာတော့ ဆီလူးဒေသမှာ facility quarantine ၂၁ ရက် ဝင်ခိုင်းထားပြီး ကျန်းမာရေးစောင့်ကြည့်ခံထားရသူတွေပါ” လို့ ပြောပါတယ်။  မြန်မာ-တရုတ်နယ်စပ်ဒေသ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်သူအများစုဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး ဒုတိယအများဆုံးကတော့ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ အထူး​ဒေသ ၄ အနေနဲ့ အစိုးရဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းကာ  နယ်စပ်က ပြန်လာသူတွေကို သတ်မှတ်နေရာတွေမှာ ၂၁ ရက် facility quarantine ထားရှိပြီး COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိအောင် စီမံဆောင်ရွက်နေတာ ဖြစ်ပါတယ်။  သတင်း- အောင်ဇေယျ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up