လွိုင်ကော်မြို့တွင် လူငယ် ၁ ဦး ကြိုးဆွဲချ သေဆုံး
DVB
·
May 6, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်မှာ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့ မေလ ၆ ရက် မနက် ၁ နာရီလောက်က အမျိုးသားတဦး သေဆုံးသွားကြောင်း သတင်းပေးချက်အရ လွိုင်ကော်မြို့မ ရဲစခန်းက ရဲတပ်ဖွဲဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာမှာ သေဆုံးသူမှာ အသက် ၂၆ နှစ်အရွယ် ကိုကိုဦး ဆိုသူဖြစ်ကြောင်း သိရှိရပါတယ်။
သူဟာ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်၊ အုပ်စု(၉) မှာ နေထိုင်သူဖြစ်ပြီး သူ့ရဲ့ နေအိမ်ခြံဝန်းအတွင်း ဘားဆွဲလေ့ကျင့်ခန်းပြုလုပ်တဲ့ သံတိုင်မှာ ဆွဲကြိုးချ သေဆုံးတာဖြစ်ကြောင်း လည်း ရဲစာအရ သိရပါတယ်။
ကိုကိုဦးဟာ နေ့စဉ် အရက် အလွန်အကျွံသောက်သုံးသူဖြစ်ကြောင်း သိရပြီး သူရဲ့ရုပ်အလောင်းကို မှုခင်းဆေးစာနဲ့အတူ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပါတယ်။
ကိုကိုဦး ကြိုးဆွဲချသေဆုံးတာနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် လွိုင်ကော်မြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၉/၂၀၂၀ ဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေ ပါတယ်။