DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
မူးယစ်ဆေးဝါး ပပျောက်ရေး ၀ိုင်းဝန်းကူညီကြပါ
DVB
·
April 22, 2013
မူးယစ်ဆေးဝါး ပပျောက်ရေး ၀ိုင်းဝန်းကူညီကြပါ
Donate to DVB

မူးယစ်ဆေးဝါးပပျောက်ရေးလို့ ပြောပြောနေတာ ခဏခဏဆိုသလို ကြားရပေမယ့် ကျနော်တို့ ပြည်သူပြည်သားတွေက မူးယစ်ဆေးဝါး ပပျောက်ဖို့ စောင့်မျှော်နေသလို ကျနော်ဆိုလျှင် မူးယစ်ဆေးဝါးပပျောက်ရေးအဖွဲ့ကို ထင်ထင်ရှားရှား ဖွဲ့ချင်ခဲ့ပါတယ်။

ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲတွေ ဖွဲ့ဖို့ အစီအစဉ်ရှိလို့ ဒီ ၂၀၁၃ ခုနှစ်မှာ ဘိန်းခြံစိုက်ပျိုးရာ ဒေသဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်နဲ့ တန့်ယန်းမြို့နယ် ပြည်သူ့စစ် ထိန်းချုပ်နယ်မြေကို အရောက်သွားပြီး မူးယစ်ဆေးဝါးစိုက်ပျိုးခြံတွေကို သွားရောက် လေ့လာကြည့်ရာ ဒီနှစ်မှာ ခါတိုင်းနှစ်ထက် ပိုမိုစိုက်ပျိုးတာ တွေ့ရလို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီဖွဲ့ဖို့ လုံးဝစိတ်ဓာတ်ကျခဲ့ပါတယ်။

ခါတိုင်းနှစ်တွေဆိုရင် လူနေဝေးတဲ့တောတောင်မှာ စိုက်ပျိုးပေမယ့် ဒီ ၂၀၁၂၊ ၂၀၁၃ ခုနှစ်မှာတော့ လှေကားပေါ်ကဆင်းရင် ဘိန်းခြံထဲဝင်တဲ့ ပုံစံမျိုးကိုတွေ့ရသလို ဈေးနေ့မှာဆိုရင် ဈေးထဲမှာ ချိန်ခွင်နဲ့ လွတ်လွတ်လပ်လပ် ရောင်းဝယ်ကြတာကို တွေ့ရပါတယ်။

လားရှိုးမြို့နယ် မန်ပန်ပြည်သူ့စစ်နယ်မြေနဲ့ တန့်ယန်းမြို့နယ် နောင်လိုင်အုပ်စုနဲ့ နမ့်မူဆယ်အုပ်စုတို့မှာ မူးယစ်ဆေးဝါးကို ဈေးထဲ လွတ်လပ်စွာ ရောင်းဝယ်ကြပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေထဲမှာတော့ မန်ပန်ပြည်သူ့စစ်တွေလည်း ပါနေတာကို တွေ့ရပါတယ်။

လားရှိုးမြို့နယ် မန်မတ်အုပ်စု ကောင်းခါးပြည်သူ့စစ်နယ်မြေဆိုရင် ဘိန်းရောင်းဝယ်လိုရင် ပြည်သူ့စစ်ဆီမှာ ဘိန်းရောင်းဝယ်ရေး လက်မှတ်လုပ်ပြီး ပြည်သူ့စစ်ဂိတ်တွေမှာ မူးယစ်ဆေးဝါးနဲ့ ဘိန်းရောင်းဝယ်ရေး လက်မှတ်ပြပြီး လွတ်လွတ်လပ်လပ် ရောင်းဝယ်လို့ရတယ်လို့ မူးယစ်ဆေးဝါးရောင်းဝယ်သူတဦးက ပြောပြပါသည်။ လက်မှတ်လုပ်ရင် ဘိန်း ၁ ပိဿာ ကို ကျပ် ၂ သောင်း ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

မကြားစဖူး ဘိန်းရောင်းဝယ်ရေးလက်မှတ်ကို ခုလိုကြားလိုက်ရသော မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ဘယ်လို ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတာ မသိတော့ပါဘူး။

ဒီသတင်းကိုမယုံရင် ကျနော်ပြောတဲ့ နယ်မြေတွေကို အလည်သွားကြည့်လိုက်ပါလို့ ပြောရင်း မြန်မြန် ပပျောက်အောင် ၀ိုင်းဝန်းကူညီကြပါလို့ နိုင်ငံတော်အကြီးအကဲနဲ့ နိုင်ငံရေးပါတီ အဖွဲ့တွေ၊ လွှတ်တော်အမတ်တွေကို အနူးအညွတ် လေးစားစွာဖြင့် ဒီဗွီဘီကတဆင့် အားလုံးကြားသိအောင် ရင်ဖွင့်လိုက်ပါတယ်။

မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူတဦး (ရှမ်းပြည်နယ်မြောက်ပိုင်း)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013