လွယ်ဂျယ် Quarantine စခန်းမှ ထွက်ပြေးလာသူ ထောင်ဒဏ် ၃ လ ချမှတ်ခံရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ် Quarantine စခန်းကနေ ရက်မပြည့်ဘဲ ထွက်ပြေးလာတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသား တဦးကို ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေ ပုဒ်မ-၁၈ နဲ့ မေလ ၅ ရက်နေ့က တရားစွဲဆိုပြီး မြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ အမိန့်ချလိုက် ပါတယ်။ မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က "သူက လွယ်ဂျယ်ကနေပြီးတော့ ကြုံရာကားစီးပြီးတော့ ရွာကိုပြန်လာတာပေါ့။ ဟိုဘက်က စောင့်ကြည့်ရေးစခန်းကနေပြီးတော့ ဒီကိုတော့ ထွက်ပြေးသွားတယ်ဆိုပြီးတော့ ကျနော်တို့ဆီကို သတင်းရောက်လာတော့ ရွာမှာ တပ်လှန့်ထားလိုက်တယ်။ အဲဒီ ရွာလူ ပြန်လာရင် ချက်ခြင်းအကြောင်းကြားပါ။ ရွာရောက်တယ်။ ချက်ခြင်းအကြောင်းကြားတော့ ရွာ Quarantine ထဲ ထားတယ်။ တရားဥပဒေနဲ့အညီ တရားစွဲရတာပေါ့။ ချက်ခြင်းဘဲ တရားရုံးက ပြစ်မှုထင်ရှားလို့ ထောင်ချလိုက်တာ။" ပြောပါတယ်။ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူတွေကို လွယ်ဂျယ် Quarantine စခန်းမှာ စောင့်ကြည့်ထားရှိတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာ Quarantine စခန်းမှ ရက်မပြည့်ဘဲ ထွက်ပြေးကာ ဇာတိမြို့ဖြစ်တဲ့ မြိုင်မြို့နယ် အိုရင်းကျေးရွာအုပ်စုသို့ ပြန်လည်ရောက်ရှိလာတာပါ။ ကျေးရွာ COVID-19 ကူးစက်ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌက တရားလိုပြုလုပ်ကာ မြိုင်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားတိုင်ကြားခဲ့တာဖြစ်ပါတယ်။ သတင်း- ကိုလင်း(ချောက်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up