Home
မြန်မာသတင်း
ဝက်လက်မြို့တွင် ညမထွက်ရအမိန့်ချိုးဖောက်သူ လူငယ် ၆ ဦးကို ထောင်ဒဏ် ၃ လစီချမှတ်
DVB
·
May 6, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့မှာ ညအချိန်မတော်ဆိုင်ကယ် ၂ စီးနဲ့ လှည့်လည်သွားလာနေသူ ၆ ဦးကို မေလ ၅ ရက်နေ့က ထောင်ဒဏ် ၃ လစီချမှတ်ခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ ဝက်လက်မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ မြို့မရဲစခန်းတာဝန်ရှိသူတွေဟာ မေလ ၄ ရက် ည ၁၁ နာရီလောက်က လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ် ၃ ရပ်ကွက်၊ ဝက်လက်-ရွာသာကြီး ကား လမ်းမပေါ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၂၀ ကျော်ကနေ ၃၀ ကျော်အကြားရှိ လူငယ် ၆ ဦးကို  စစ်ဆေးမေးမြန်းရာမှာ အကြောင်းတစုံတရာမရှိပါဘဲ ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်ကာ သွားလာနေတာတွေ့ရှိရတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့တာပါ။ ဝက်လက်မြို့နယ်မှာ ည ၁၀ နာရီမှမနက် ၄ နာရီအထိ ဒေသန္တရညမထွက်ရအမိန့်ကို မတ်လ ၂၆ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ရက်အကန့်အသက်မရှိ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒေသန္တရအမိန့်ချိုးဖေါက်သူ ၆ ဦးကို ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်က တရားလိုပြုတိုင်ကြားခဲ့ပြီး မြို့နယ်တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ ထောင်ဒါဏ် ၃ လစီချမှတ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ သတင်း-အောင်စံလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024