ကျောက်စိမ်းဈေးကွက် ပြန်ကောင်းလာရန် ၂ လလောက် စောင့်ရဦးမည်
DVB
·
May 6, 2020
မြန်မာ့ကျောက်စိမ်းစျေးကွက် ပြန်ကောင်းလာဖို့ဆိုရင် နောက် နှစ်လလောက် စောင့်ရအုံးမယ်လို့ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ဒု-ဥက္ကဋ္ဌက ပြောပါတယ်။
ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဒု-ဥက္ကဋ္ဌ ဦးကျော်သူရက “တရုတ်နိုင်ငံကလည်း သူ့နိုင်ငံတွင်း ပြည်တွင်းပြည်ပ ဝင်ထွက်သွားလာမှုတွေကို လကုန်ထိပိတ်ပင်ထားတာကြောင့် မြန်မာနိုင်ငံတွင်းမှာ ကျောက်စိမ်းစျေးကွက် အရင်ကလို ပြန်လည်ကောင်းမွန်လာဖို့ ဆိုရင် အနည်းဆုံး နှစ်လလောက် စောင့်ရအုံးမယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသနဲ့ မန္တလေးမြို့ရှိ ကျောက်စိမ်းစျေးတွေကို အစိုးရက ပိတ်ထားဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေတာကြောင့် ကျောက်စိမ်းစျေးကွက် ကျဆင်းနေတာလည်း ဖြစ်ပါတယ်။
ဇော်မိုးထက် (ဖားကန့်)