Home
မြန်မာသတင်း
COVID-19 ပိုးတွေ့ စစ်သည်နှင့်ဆက်စပ်သည့် တပ်မတော်သား ၃၀၀ ကျော် ရောဂါကူးစက်မှုမရှိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
May 5, 2020
95583187_1103792239995398_1171292866438234112_o
နေပြည်တော်တိုင်းစစ်ဌာချုပ်က စစ်သည်တစ်ဦးမှာ COVID-19 ပိုးတွေ့ရှိခဲ့ရတာကြောင့် သူနဲ့ ဆက်စပ်တဲ့ စစ်သည် ၃၀၀ ကျော်ကို ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာမှာ ပိုးတွေ့သူမရှိဘူးလို့ တပ်မတော်က ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ပိုးရှိတဲ့ သူနဲ့ ပတ်သက်တဲ့ရုံးဌာနက စစ်သည် ဦးရေ ၃၀၀ ကျော် စစ်ဆေးပြီးသွားပြီ၊ မနေ့က ညနေပိုင်းမှာ စစ်ပြီးသွားပြီ။ အဲ့ဒီမှာလည်း ပိုးတွေ့တဲ့ သူမရှိပါဘူး။”လို့ ပြောပါတယ်။ ပိုးတွေ့ရှိတဲ့ စစ်သည်ရဲ့ ခရီးသွားရာဇဝင်ကိုစစ်ဆေးရာမှာလည်း သူဟာ တစ်လအတွင်း ခရီးသွားလာခဲ့တာမရှိလို့ တစ်လကျော်အချိန်က သူ ခရီးသွားလာခဲ့မှုတွေကိုပါ စစ်ဆေးနေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ “သူက ဘယ်မှ သွားတဲ့သူလည်း မဟုတ်ဘူး။ တစ်လအတွင်း ခရီးသွားရာဇဝင်လည်းမရှိဘူး။ အဲ့တော့ ကျနော်တို့က သူရဲ့ တစ်လကျော်လောက်က ဟာတွေပါ ပြန်ပြီး စစ်ဆေးနေဆဲပဲရှိသေးတယ်” COVID-19 ပိုးတွေ့ရှိတဲ့ စစ်သည်ဟာဆိုရင် ဧပြီ ၃၀ ရက်က ဖျားခြင်း၊ လည်ချောင်းနာခြင်းနဲ့ ဝမ်းပျက်၊ ဝမ်းလျောတဲ့ လက္ခဏာတွေကြောင့် အထူးကြပ်မတ်ဆောင်မှာ ထားရှိ ကုသစေခဲ့ပြီး သူရဲ့ နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို စစ်ဆေးခဲ့ချိန်မှာတော့ COVID-19 ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024