A d v e r t i s e m e n t With Us

၁ နှစ်အတွင်း တရားမ၀င် မြန်မာအလုပ်သမား ၂ သိန်းခန့် ပြန်ပို့ခံရ

တနှစ်အတွင်း ဖမ်းဆီးပြန်ပို့ခံရတဲ့ တရားမဝင် မြန်မာအလုပ်သမား ၂ သိန်းလောက် ရှိတယ်လို့  ထိုင်း ဒုရဲချုပ်က ပြောပါတယ်။ တရားမဝင် နိုင်ငံခြားအလုပ်သမား ပြန်ပို့ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းဒုရဲချုပ်က မဲဆောက်မှာရှိတဲ့ တရားမဝင် နိုင်ငံခြားသားအလုပ်သမား ပြန်ပို့ရေးစခန်းကို ဒီနေ့ သွားရောက်စစ်ဆေးပြီး ရရှိတဲ့ စာရင်းတွေအရ ပြောကြားလိုက်တာပါ။ [caption id="attachment_38603" align="alignright" width="300" caption="ထိုင်းဒုရဲချုပ်"][/caption] “ဘာမှမရှိဘဲ ဝင်လာပြီး အလုပ်လုပ်တာ၊ အလုပ်သမားလက်မှတ် စာရင်းမသွင်းတာတွေကြောင့် ပြန်ပို့ခံရတာဖြစ်တယ်။ အလုပ်သမားကတော့ ကျနော်တို့လည်း လိုအပ်တာပဲ။ ဒါပေမယ့် ဝင်လာပြီး အလုပ်လုပ်လိုရင် အထောက်အထား မှန်ကန်ရမယ်။ ဒါဆို အဖမ်းမခံရဘူး။ ပြန်လည်းအပို့ခံရမှာ မဟုတ်ဘူး။” ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်အတွက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်သလို တရားမ၀င် လာရောက်မှုတွေ တားဆီးနိုင်ဖို့အတွက် နှစ်နိုင်ငံ အစိုးရကလည်း တရားဝင် ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။ ဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံကနေဝင်လာမယ့် မြန်မာအလုပ်သမားတွေဟာ တရားဝင်ပတ်စ်ပို့တွေနဲ့ ဝင်လာရမှာဖြစ်ကြောင်း၊ အလုပ်သမားတိုင်း တရားဝင် ပတ်စ်ပို့ရမယ်ဆိုရင် အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတာတွေ လျော့ကျသွားနိုင်မယ်လို့ ဒုရဲချုပ်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက်ရှိတဲ့အနက် ၁.၂ သန်းက တရားဝင် အလုပ်လုပ်နေတာဖြစ်ပြီး ၃ သိန်းလောက်က နိုင်ငံသား စိစစ်တာ မလုပ်ဆောင်ရသေးဘူးလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up