Homeမြန်မာသတင်း
ခရမ်းလွန်ရောင်ခြည်သုံးစက်ရုပ် ကိုရိုနာဗိုင်းရပ်စ်ကို ဖျက်ဆီးနိုင်ဟု ဇီးနပ်စ်ပိုးသတ်ဌာန ပြော
ခရမ်းလွန်ရောင်ခြည်သုံးစက်ရုပ် ကိုရိုနာဗိုင်းရပ်စ်ကို ဖျက်ဆီးနိုင်ဟု ဇီးနပ်စ်ပိုးသတ်ဌာန ပြော
DVB
·
May 4, 2020
ခရမ်းလွန်ရောင်ခြည်သုံး စက်ရုပ်ဟာ ဆေးရုံတွေကို ပိုးသတ်ရာမှာ ကိုရိုနာဗိုင်းရပ်စ်ကို ၂ မိနစ် အတွင်း ဖျက်ဆီးနိုင်တာကို သက်သေပြနိုင်ခဲ့လို့ လူစည်ကားရာနေရာတွေက ဗိုင်းရပ်စ်တွေကို ဖယ်ရှားရာမှာ ထိရောက်တဲ့ နည်းလမ်းဖြစ်နိုင်တယ်လို့ ဂျပန်အခြေစိုက် နစ်ခေးသတင်းစာက မေလ ၄ ရက်က ရေးသားပါတယ်။
အမေရိကန်နိုင်ငံ တက်ဆပ်ပြည်နယ်အခြေစိုက် ဇီးနပ်စ်ပိုးသတ်ဌာနက ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ LightStrike စက်ရုပ်ကို စမ်းသပ်မှု အောင်မြင်တယ်လို့ လတ်တလောမှာ ကြေညာခဲ့ပါတယ်။
ဆေးဘက်ပစ္စည်းထုတ်လုပ်သူ တေရုမိုက ဂျပန်မှာ ရောင်းတဲ့ ဒီစက်ရုပ်ဟာ လှိုင်းအလျား ၂၀၀ ကနေ ၃၁၂ နာနိုမီတာကြားမှာရှိတဲ့ အလင်းကို ထုတ်လွှင့်ပြီး အိပ်ရာတွေ တံခါးလက်ကိုင်ဘု တွေနဲ့ တခြားမျက်နှာပြင်တွေကို ပိုးသတ်ပေးနိုင်ပါတယ်။
၂ မိနစ်ကနေ ၅ မိနစ်အတွင်း ခရမ်းလွန်ရောင်ခြည်တွေဟာ ပတ်သိုဂျင်တွေကို အလုပ်မ လုပ်နိုင်လောက်တဲ့အထိ ဖျက်ဆီးပစ်ပါတယ်။
ဒီနည်းပညာဟာ ဆေးယဉ်ပါးဘက်တီးရီးယားအမျိုးမျိုး နဲ့ အီဘိုလာ ဗိုင်းရပ်စ်တို့ကို ဖျက်ဆီးရာမှာ အလုပ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ ဇီနပ်စ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တွေကို နှိမ်နင်းရာမှာ N95 မျက်နှာဖုံးတွေထက် ဒီစက်ရုပ်က ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ထိရောက်တယ်လို့ ဆိုပါတယ်။
ဒါဟာ တကမ္ဘာလုံးမှာ ပြတ်လပ်နေတဲ့ မရှိမဖြစ် ကာကွယ်ရေးပစ္စည်းတွေကို ပြန်သုံးရင် ဘေးဖြစ်နှုန်းကို လျှော့ချပေးလိမ့်မယ်လို့ နစ်ခေးသတင်းစာက ရေးပါတယ်။
ခုတော့ စက်ရုပ်ကို ကမ္ဘာတလွှားကျန်းမာရေးစောင့်ရှောက်မှု ဌာန ၅၀၀ လောက်မှာ စတင် မိတ်ဆက် အသုံးပြုနေပါပြီ။
ဒီစက်ရုပ်ကို အမေရိကန်ဒေါ်လာ ၁ သိန်း ၄ သောင်း နဲ့ ရောင်းနေပြီး ဧပြီလကုန်ထိ ဆေးဘက်ဌာန ၁၁ ခုမှာ တာဝန်ထမ်းဆောင်နေပါပြီ။
ဒါပေမယ့် ကူးစက်ကပ်ဘေးကို ရှောင်ရှားဖို့ ဆေးရုံတွေက စိတ်ဝင်စားမှု တိုးမြင့်နေပါတယ်။