Home
မြန်မာသတင်း
လေပြင်းကြောင့် တိုင်းနှင့်ပြည်နယ် ၅ ခုတွင် အိမ်နှင့်အဆောက်အအုံ ၅၀၀ ခန့် ပျက်စီး
DVB
·
May 3, 2020
မနေ့က လေပြင်းတိုက် မိုးရွာခဲ့တာကြောင့် တိုင်းနဲ့ပြည်နယ် ၅ ခုမှာ အိမ်နဲ့ အဆောက်အအုံပေါင်း ၅၀၀ လောက် ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ မနေ့ မွန်းလွဲ ၂ နာရီလောက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်လို့ ဒေါဆော်လဲရွာ အပါအဝင် ရွာ ၃ ရွာက သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် ၁၃ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာလည်း မနေ့ မွန်းလွဲ ၂ နာရီခွဲလောက်က မိုးရွာလေပြင်းတိုက်လို့ စစ်ကိုင်းမြို့ပေါ်ရပ်ကွက် ၂ ခုမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၆ လုံး အမိုးလန် ပျက်စီးပြီး နေအိမ် ၁ လုံးကတော့ သစ်ပင်ပိပြီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂ ရက်နေ့ ၁၇၃၀ အချိန် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာတော့ မနေ့ညနေ ၅ နာရီခွဲအချိန်က မိုးရွာလေပြင်းတိုက်ပြီး အောင်မင်္ဂလာရွာအပါအဝင် ရွာ ၆ ရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁၇ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင် အမိုးလန် ပျက်စီးခဲ့ပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာလည်းနေ့လယ်ပိုင်းကလေပြင်းတိုက်ခဲ့ပြီး ပေါက်ချောင်း(အထက်စု) ရွာ အပါအဝင် ရွာ ၅ ရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁၇ လုံး၊ ပညာရေးဝန်ထမ်းအိမ်ရာ ၁ လုံး၊ ဘုန်းကြီးကျောင်းဇရပ် ၁ လုံးတို့ အမိုးလန်ပျက်စီးခဲ့ပါတယ်။ မကွေးတိုင်း မြိုင်မြို့နယ်မှာတော့ မိုးရွာလေပြင်းတိုက်ပြီး မြင်းကိုးသစ်ရွာ အပါအဝင် ရွာ ၁၁ ရွာမှာ သက္ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၇၃ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ စာကြည့်တိုက် ၁ ခု၊ ဘုန်းကြီးကျောင်း ၂ ကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ပါတယ်။ ရှမ်းပြည်နယ် နမ့်စန်မြို့နယ်မှာတော့ မနေ့ မွန်းလွဲပိုင်းက မိုးရွာ လေပြင်းတိုက်လို့ ရပ်ကွက် ၅ ခုနဲ့ ရွာ ၁၄ ရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၃၂၇ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၅ ကျောင်း အမိုးလန်၊ နေအိမ် ၁၃ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ မေ ၁ ရက်နေ့ကလည်း ရှမ်းပြည်နယ် မောက်မယ်မြို့နယ်ထဲမှာ လေပြင်းတိုက်လို့ နောင်မီးရဲရွာအပါအဝင် ရွာ ၂ ရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၈ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ အများသုံး သောက်ရေကန် ၁ ကန် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024