မိုးညှင်းဆေးရုံနှင့် မျက်စိအခမဲ့ဆေးရုံတို့ကို COVID-19 ကုသရေးပစ္စည်းများ လှူဒါန်း
DVB
·
May 3, 2020
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးတို့အတွက် ဆက်စပ်ပစ္စည်းတွေကို မိုးညှင်းမြို့ ပြည်သူ့ဆေးရုံ၊ ပုညရှင် စက္ခုပါလ မျက်စိအခမဲ့ကုဆေးရုံတို့ကို ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းနဲ့ အဖွဲ့က မေလ ၂ ရက်နေ့မှာ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
“Facility Quarantine ဌာနတွေကိုတော့ ဆက်စပ်ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။ ဆေးရုံတွေကိုတော့ ဆက်စပ်ပစ္စည်းနဲ့ PPE ဝတ်စုံတွေပါ ပေးတယ်” လို့ NLD ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ရှိ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်နဲ့ အင်းတော်ကြီးဒေသရှိ နန့်မွန်းတိုက်နယ်ဆေးရုံတို့အတွက်လည်း ဆက်စပ်ပစ္စည်းတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
မိုးညှင်းမြို့မှာ Facility Quarantine စင်တာတွေအဖြစ် ပုညရှင် အပြည်ပြည်ဆိုင်ရာ စက္ခုပါလ မျက်စိအခမဲ့ကုဆေးရုံ၊ မိုးလုံလေလုံအားကစားခန်းမ၊ စိမ်းလဲ့ရတနာခန်းမ၊ မိုးညှင်းဒီဂရီကောလိပ် စတဲ့ နေရာတွေကို သတ်မှတ် ပြင်ဆင်ထားပါတယ်။