A d v e r t i s e m e n t With Us

အတိုင်ပင်ခံအား ဆဲဆိုပုတ်ခတ်ရေးသားသူကို တရားစွဲရန် ဧရာဝတီတိုင်းအစိုးရထံ တင်ပြ

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရကို လူမှုကွန်ရက်ကနေ ဆဲဆိုပုတ်ခတ်ရေးသားတဲ့ ကြံခင်းမြို့နယ်က ဉာဏ်လင်းထက်ကို တရားစွဲဖို့ ကြံခင်းမြို့နယ် အုပ်ချုပ်ရေးဌာနက တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ သိရပါတယ်။ ဉာဏ်လင်းထက် ဆိုသူဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ Nyan Linn Htet Referee အကောင့်ကနေ ဧပြီလ ၁၄ ရက်နေ့ ရက်စွဲနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရကို ရိုင်းစိုင်းစွာဆဲဆို ပုတ်ခတ်ရေးသားထားတာလို့ ကြံခင်းမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက DVB ကိုပြောပါတယ်။ “ဒီနိုင်ငံမှာ တရားဥပဒေအရ ဘယ်သူ့ကိုမှ ဆဲဆိုခွင့် တရားဝင်ပေးမထားပါဘူး။ ဆဲဆိုခြင်းဟာ ဥပဒေချိုးဖောက်ခြင်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ တိုင်ပင်မှုတွေ လုပ်ခဲ့တယ်။ ဒီနေ့မှာ ကြံခင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က ဒီကိစ္စကို ဝန်ကြီးချုပ်ထံ တိုက်ရိုက်တင်ပြထားတယ်လို့ သိရတယ်။ ဝန်ကြီးချုပ်ရဲ့အကြောင်းပြန်ကြားမှုအပေါ် မူတည်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ကျနော့်အနေနဲ့ တိုက်တွန်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ဉာဏ်လင်းထက် ဆိုသူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရကို ဆဲဆိုတဲ့အပြင် သူကို အချိန်မရွေး ဖမ်းဆီးနိုင်ကြောင်း ပြောဆိုကာ သူရဲ့ မှတ်ပုံတင်နံပါတ်နဲ့ နေရပ်လိပ်စာတွေကိုပါ Facebook လူမှုကွန်ရက်မှာ တပါတည်း ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up