Home
မြန်မာသတင်း
ရွှေဘို-မန္တလေးလမ်းတွင် Express ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်၊ ၆ ဦးဒဏ်ရာရ
Aung Ko Latt
·
May 2, 2020
စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်း၊ ဝာဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့အနီးမှာ ဆေးနဲ့ စားသောက်ကုန်တွေ တင်လာတဲ့ High Class Express ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု မေလ ၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။  ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ လူ ၆ ဦးမှာ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ရွှေဘိုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပါတယ်။ ယာဉ်က မိုင်တိုင်အမှတ် ၆၀/၄နှင့် ၆၀/၅ ကြား အန္တရာယ်ကွေ့၊ ဒေသအ‌ေခါ် စိုင်နိုင်ကွေ့ တံတား တဖက်ယာဉ်ကြောသံဘောင်ကို အရှိန်မထိန်းနိုင်ဘဲ တိုက်မိပြီး လမ်းဘေးကို ထိုးကျ တိမ်းမှောက်ခဲ့တာလို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန သတင်းတွေအရ သိရပါတယ်။ High Class Express ကို ယာဉ်မောင်း မျိုးခင်ဇော် မောင်းနှင်ကာ မန္တလေးကနေ ရွှေဘိုကို ဆေးနဲ့ စားသောက်ကုန်တွေ တင်ဆောင်လာရင်း ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။  ယာဉ်တိမ်းမှောက်မှုကို ဝက်လက်၊ ရွှေဘို မီးသတ်စခန်းတွေက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဦးတို့သွားကောက်ကာ ဒေသခံ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်တွေ ပူးပေါင်းကာ ကားအတွင်းက ဒဏ်ရာရရှိသူတွေ၊ ကုန်ပစ္စည်းတွေကို သယ်ထုတ်ပေးခဲ့ကြပါတယ်။  ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ ကျော်ရှိခဲ့ပြီး ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်လို့ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်း မျိုးခင်ဇော်ကို ဝက်လက်မြို့မရဲစခန်းကနေ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ တို့နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024