DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေး ထိုးကျ
DVB
·
April 18, 2013
ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေး ထိုးကျ
1 / 2
Donate to DVB

ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးဟာ ဧပြီ ၁၂ ရက်နေ့က အခေါက်ရွှေ တကျပ်သားကို ကျပ်ငွေ ၇၃၉၅၀၀ ကနေ ဒီနေ့ ၆၆၈၈၀၀ ထိ စံချိန်တင် ဈေးကျသွားခဲ့ပါတယ်။

ဧပြီ ဒုတိယပတ်အတွင်း ဘဏ်စီးပွားရေး အကျပ်အတည်းတွေကြောင့် ကမ္ဘာ့ရွှေဈေး တအောင်စကို အမေရိကန်ဒေါ်လာ ၁၅၀၀ ကျော်ကနေ ဒီနေ့ ၁၃၆၈ ဒေါ်လာအထိ ထိုးကျသွားတာပါ။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “ဒီလို ရက်တိုအတွင်း ၁ အောင်စကို ၂၀၀ လောက် ကျတာကတော့ ဒီဘက် ၁၀ နှစ်ပိုင်းအတွင်းမှာ အများဆုံးလို့ ပြောလို့ရတယ်။ စံချိန်တင်ကျတာပါ” လို့ ပြောပါတယ်။

ရွှေဈေးကွက်အခြေအနေနဲ့ ပတ်သက်ပြီးလည်း ဦးဝင်းမြင့်က “စုဆောင်းကြတဲ့သူတွေကတော့ ဒီဈေးနှုန်းကို ကြိုက်နှစ်သက်ပြီး ဒီနေ့မှာ တော်တော်များများ ဈေးကွက်မှာ လာဝယ်ယူတာတော့ တွေ့ရတယ်။ အဲလိုပဲ ရွှေတူးဖော်ထုတ်လုပ်တဲ့သူတွေကလည်း သင်္ကြန်လွန်ကာလ ငွေဖော်ရမယ့် လုပ်ငန်းကိစ္စတွေ ရှိတဲ့အတွက် ထုတ်ရောင်းကြလို့ အတော်များများ ဈေးကွက်မှာ ၀ယ်ရောင်း အလုပ်ဖြစ်နေကြတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။

အခုလို ရွှေဈေးကျသွားတဲ့အတွက် ရွှေအထည်ဈေးကွက်မှာ အရောင်းသွက်နေတယ်လို့ ရွှေဆိုင်မန်နေဂျာတဦးက ပြောပါတယ်။

“ဈေးကျတဲ့အတွက် အရမ်းရောင်းရတယ်။ ၀ယ်သူအနေနဲ့ကျတော့ ရွှေဈေးတအားကျတော့ အရမ်းဝယ်ကြတော့ ရောင်းရတယ်။ ကျမတို့အနေနဲ့က သင်္ကြန်မတိုင်ခင်ကတည်းက ပြန်ဖွင့်ရက်အတွက် လုပ်ထားတော့ အတက်ဈေးတွေနဲ့ပဲ လုပ်ထားတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ရွှေဈေးကျသွားရင် အစ်မတို့ တပုံးလုံးရှုံးတယ်၊ ရွှေဈေးတက်ရင် တပုံးလုံးမြတ်တယ်။ ဒါပေမယ့် ကျရင် ကျဈေးလိုက်ရောင်းရတယ်။ ကိုယ်တက်ဈေးဝယ်ထားတယ်ဆိုပြီး လိုက်ရောင်းလို့ မရဘူး။”

ညနေပိုင်း ဆက်သွယ်မေးမြန်းချက်အရ ရွှေတကျပ်သားကို ကျပ်ငွေ ၆၄၀၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013