DVB Logo
Home
မြန်မာသတင်း
မြန်မာသတင်းသမားများ ရိုက်ကူးထားသည့် ဓာတ်ပုံပြပွဲ ပြုလုပ်မည်
DVB
·
April 18, 2013
Donate to DVB

မြန်မာသတင်းသမား ဓာတ်ပုံဆရာတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံပြပွဲတခု ရန်ကုန်မှာ ခင်း ကျင်းပြသဖို့ရှိပါတယ်။

လာမယ့် မေ ၃ ရက်၊ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ ပြသဖို့ စာနယ်ဇင်းကလပ် မြန်မာနိုင်ငံ ဖြစ်မြောက်ရေးကော်မတီက ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပြီး ပြပွဲလုပ်ဖို့ စီစဉ်ရတဲ့ အကြောင်းကို စီစဉ်သူတဦးဖြစ်တဲ့ ကိုမြင့်ကျော်က ခုလို ပြောပါတယ်။

“သတင်းဓာတ်ပုံပြပွဲတွေကလည်း  အုပ်စုနဲ့ပြတာမျိုးတွေ သိပ်မတွေ့ရဘူးလေ။ တဦးချင်း ပြတာမျိုးတွေရှိကြပါတယ်။ ဒါကြောင့် အခုလို  အစုအဝေးနဲ့ပြတာ၊ နောက် တဦးချင်းဆို စီစဉ်ရတာနဲ့ ကုန်ကျစရိတ်တွေနဲ့လေ။ အခုက သူတို့အနေနဲ့ ကုန်ကျစရိတ်မရှိဘူး။ နေရာလည်း ငှားစရာမလိုဘူးဆိုတော့ အဲသဘောမျိုးနဲ့ လုပ်ပေးတာပါ။”

မြန်မာသတင်းသမားဓာတ်ပုံဆရာတွေရဲ့ ၂၀၁၁ ခုနှစ်မတ်လကနေ ၂၀၁၃ ခုနှစ် မတ်လအထိ ၂ နှစ်တာ ကာလအတွင်း ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံတွေကို ဖိတ်ခေါ်ထားပြီး၊ အဲ့ဒီ ၂ နှစ်တာကာလအတွင်း မြန်မာပြည်တ၀ှမ်းဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သိစေလိုတာကြောင့် ပြပွဲလုပ်ရတာလို့ ပြောပါတယ်။

ပြပွဲတင်လိုတဲ့ ပြည်တွင်းပြည်ပ သတင်းဓာတ်ပုံသမားတွေဟာ သူတို့ရဲ့ သတင်းဓာတ်ပုံတွေကို ဧပြီ ၂၅ ရက် နောက်ဆုံးထားပြီး အမှတ်-၄၃၇၊ သိမ်ဖြူလမ်းနဲ့ ၄၄ လမ်းကြား၊ ကုန်သည်လမ်း၊ ဒုတိယထပ်မှာရှိတဲ့ မြန်မာမီဒီယာစာကြည့်တိုက်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံတွေကို စာနယ်ဇင်းကလပ်ဖြစ်မြောက်ရေး ကော်မတီဝင် တချို့က ရွေးချယ်မှာဖြစ်ပြီး၊ ရွေးချယ်ထားတဲ့ သတင်းဓာတ်ပုံတွေကို ရန်ကုန်မြို့က မြန်မာမီဒီယာစာကြည့်တိုက်မှာ မေလ ၁ ရက်ကနေ ၃ ရက်ထိ ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။

ရန်ကုန်ပြပွဲမှာ ပြသထားတဲ့ ဓာတ်ပုံတွေထဲက တချို့ဓာတ်ပုံတွေကို ထပ်မံရွေးချယ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များကလပ်မှာ ပြသသွားမှာလဲ ဖြစ်ပါတယ်။

အခုလိုမျိုး သတင်းဓာတ်ပုံပြပွဲ ပြုလုပ်မှာဟာ မြန်မာပြည်မှာ ပထမဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013