ဝေဘာဂီဆေးရုံက COVID-19 လူနာ ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ရောဂါပိုးကင်းစင်

မြောက်ဥက္ကလာဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ COVID-19 အတည်ပြုလူနာ  ကလေးငယ်နှစ်ဦးနဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့မှာ ရောဂါပိုး မတွေ့ရှိတော့ဘူးလို့  ကုသပေးနေတဲ့ ကလေးအထူးကု ဆရာဝန် ဒေါက်တာခင်ခင်ထားက ပြောပါတယ်။  ပေါက်ခေါင်းမြို့က အသက် ၈  နှစ်ရှိ လူနာနံပါတ် ၁၉ နဲ့ အသက် ၁၈ နှစ်ရှိ လူနာနံပါတ် ၂၀ တို့ကို နှစ်ကြိမ်ဓာတ်ခွဲစစ်ဆေးရာမှာ နှစ်ကြိမ်လုံးရောဂါပိုးမတွေ့ရှိရတော့တာပါ။ သူတို့ကို မတ်လ ၃၁ ရက်က ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပြည်ဆေးရုံမှာ ကုသပေးခဲ့ပြီး   နောက်ပိုင်းမှာ ဝေဘာဂီဆေးရုံကို ပြောင်းရွှေ့ ကုသပေးနေတာပါ။   ဒါ့အပြင် အင်းစိန်မြို့နယ်က ဧပြီလ ၁၄ ရက်မှာ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ ၇ နှစ်အရွယ် လူနာနံပါတ် ၅၄  ဟာလည်း ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိရတော့ဘူးလို့ သိရပါတယ်။ မေလ ၁ ရက် မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၅၁ ဦးရှိပြီး  သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်သွားသူ ၂၈ ဦးနဲ့  ပြန်ကောင်းလာလို့ ဆေးရုံကဆင်းလာသူစုစုပေါင်း ၁၇ ဦးရှိသွားပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up