DVB Logo
Home
မြန်မာသတင်း
နိုင်ငံဝန်ထမ်းများကို ဖုန်းဆင်းကတ် အချိုးကျ ရောင်းချပေးမည်
DVB
·
April 18, 2013
နိုင်ငံဝန်ထမ်းများကို ဖုန်းဆင်းကတ် အချိုးကျ ရောင်းချပေးမည်
1 / 3
Donate to DVB

ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ်တွေ ရောင်းချပေးတဲ့အခါ နိုင်ငံဝန်ထမ်းတွေကို  အချိုးချပြီး ခွဲဝေရောင်းချဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

ရပ်ကွက်ထဲ ရောင်းပေးမယ့် ဖုန်းဆင်းကတ်တွေကို ၀န်ထမ်းတွေ လျှောက်ထားစရာမလိုဘဲ သက်ဆိုင်ရာဌာနတွေကတဆင့် လျှောက်ထားကြရမှာ ဖြစ်ပြီး၊ ဌာနတွေကို တိုင်းအစိုးရအဖွဲ့က အချိုးချ ခွဲဝေပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပြောပါတယ်။

“၀န်ထမ်းအင်အားစာရင်းပေါ်မူတည်ပြီး  အချိုးချမယ်။ အချိုးချထားပြီး ဘယ်ဌာနကဖြင့် အကြမ်းဖျင်းအားဖြင့် ဘယ်လောက် ရနိုင်မယ်ပေါ့။ သက်ဆိုင်ရာဝန်ကြီးက ဌာနတွေနဲ့ ပြန်ညှိပြီး အဲလို ပြန်ကြားမယ်။ ဥပမာ ၀န်ထမ်းအင်အား ၁၀၀ ရှိတယ်၊ ကျနော်တို့ အချိုးချပေးတာက ၂၅ ဆိုရင် ၀န်ထမ်းအင်အား ၁၀၀ က သူ့ဘာသာသူ ပြန်မဲနှိုက်။”

ရန်ကုန်တိုင်းတတိုင်းလုံးအတွက် ဖုန်းဆင်းကတ် ၁ သိန်း ၂ သောင်းလောက် ရောင်းချပေးမှာ ဖြစ်ပြီး အဲ့ဒီထဲ  ၀န်ထမ်း ၃ သောင်း အတွက်ပဲ ဖုန်းဆင်းကတ် ရောင်းချပေးနိုင်မယ်လို့လည်း ပြောပါတယ်။

တိုင်းဒေသကြီးအတွင်း မိုဘိုင်းဖုန်းမရှိသေးတဲ့ ပြည်သူတွေကတော့ မှတ်ပုံတင်မိတ္တူနဲ့ သန်းခေါင်စာရင်းမိတ္တူတွေ တင်ပြပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ လျှောက်ထားကြရမှာ ဖြစ်ပါတယ်။

လျှောက်ထားသူတွေကို စိစစ်ပြီး ဧပြီ ၂၄ ရက်မှာ ကာယကံရှင်ကိုယ်တိုင် မဲနှိုက်ရမှာ ဖြစ်ပါတယ်။ မဲပေါက်သူတွေပဲ ဖုန်းဆင်းကတ်ဝယ်လို့ရမှာလည်း ဖြစ်ပါတယ်။

လူကြီးမင်းဖုန်းဆိုင်က အထွေထွေမန်နေ၈ျာ ဒေါ်ဇာခြည်လင်းက ဟန်းဆက်ဈေးတွေ သိသိသာသာ ဈေးတက်တာမျိုး မရှိဘူး။ အခု ရောင်းပေးမယ့် CDMA- 800 MHz ကတ်နဲ့ သုံးလို့ရမယ့် ဟန်းဆက်တွေလည်း သူတို့ဆိုင်တွေမှာ ရောင်းချဖို့ အလုံအလောက်ရှိတယ်လို့ ပြောပါတယ်။

အသုံးများတဲ့ ဟန်းဆက်အမျိုးအစားတွေနဲ့ ဈေးနှုန်းတွေကိုလည်း သူက ခုလို ပြောပါတယ်။

“အခုက Huawei အသုံးများတယ်။ နောက် HTCနဲ့ Samsung လည်းရှိတယ်။ ဈေးနှုန်းက ၇-၈ သောင်းက စရှိတယ်၊ နည်းနည်း မော်ဒယ်လ်မြင့်တာတွေပေါ့။ တချို့ဖုန်းတွေဆို ၅ သောင်းကလည်း စရှိပါတယ်။”

ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းပေါ် မူတည်ပြီးတော့ ကျပ် ၂ သိန်းခွဲတန်အထိ ရှိတယ်လို့လည်း ပြောပါတယ်။
ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ် ၃ သိန်း ၅ သောင်းကို ဧပြီ ၂၄ ရက်ကစပြီး တတိုင်းပြည်လုံးကို ခွဲဝေ ရောင်းချပေးမယ်။ နောက်လတွေမှာလည်း ဒီလိုပဲ ဆက်ရောင်းပေးသွားမှာ ဖြစ်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ ရောင်းပေးမှာ ဖြစ်တယ်လို့ အစိုးရက တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013