Live
Home
မြန်မာသတင်း
မကွေးတိုင်း၌ သောက်သုံးရေရရေး ကျပ်သန်း ၂၉၀၀ ကျော်သုံး၍ ရေတွင်းရေကန်များ တူးဖော်ပေး
DVB
·
May 1, 2020
မကွေးတိုင်းအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ သောက်သုံးရေရရှိရေးအတွက် ငွေကျပ်သန်းပေါင်း ၂၉၀၀ ကျော် ကုန်ကျခံပြီး ရေတွင်းရေကန်တွေ တူးဖော်ပေးခဲ့တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြောပါတယ်။ မကွေးတိုင်း ၂၅ မြို့နယ်က ကျေးရွာတွေမှာ သောက်သုံးရေ ရရှိရေးအတွက် လုပ်ငန်းပေါင်း ၁၇၈ ခုကို ကျပ်သန်းပေါင်း ၂၉၀၀  ကျော်ကုန်ကျခံပြီး လုပ်ဆောင်ပေးခဲ့တာလို့ မကွေးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကလည်း ပခုက္ကူမြို့နယ် ဆုံကုန်းကျေးရွာနဲ့ ချောင်းဆုံ ကျေးရွာတွေမှာ စက်ရေတွင်း နှစ်တွင်းနဲ့ စင်မြင့်ရေစင် ၂ ခု လှူဒါန်းပေးထားပါတယ်။  တိုင်းအတွင်း ရေရရှိရေးအတွက် တွင်းတိမ်၊ တွင်းနက်၊ စိမ့်စမ်း ရေသွယ်တာ၊ မြေသားကန်တူးတာအပြင် အခြားနည်းလမ်းတွေနဲ့ လုပ်ဆောင်ပေးနေပါတယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။ နွေရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်တဲ့ ကျေးရွာ ၃၅ ရွာကိုလည်း အလှူရှင်တွေနဲ့ပူးပေါင်းပြီ သောက်သုံးရေ ဂါလန် ၂၈၀၀၀၀ ကျော် လှူဒါန်းပေးထားကာ သောက်သုံးရေ ပြတ်လပ်ပါက နီးစပ်ရပ်ရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနကို ဆက်သွယ်ပြီး အကူညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။ မင်းထီး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024