Homeသတင်းဓာတ်ပုံ
လောက်ကိုင်မြို့က ကြံခုတ်လုပ်သား ၄၀၀ ခန့် လားရှိုးမြို့မှတဆင့် မန္တလေးမြို့သို့ သွားရောက် (ဓာတ်ပုံ)
လောက်ကိုင်မြို့က ကြံခုတ်လုပ်သား ၄၀၀ ခန့် လားရှိုးမြို့မှတဆင့် မန္တလေးမြို့သို့ သွားရောက် (ဓာတ်ပုံ)
DVB
·
May 1, 2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) တရုတ်နိုင်ငံနယ်စပ်နဲ့ထိစပ်နေတဲ့ လောက်ကိုင်မြို့က ကြံခုတ်လုပ်သား အယောက် ၄၀၀ လောက် ဧပြီ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက လားရှိုးမြို့ကို ကုန်တင် ၁၂ ဘီးကားတွေနဲ့ ရောက်ရှိလာခဲ့ပါတယ်။
အဲဒီလူတွေကို လားရှိုးမြို့ မြို့ရှောင်လမ်း နဲ့ နမ္မတူလမ်းဆုံရှိ တိုးဂိတ်မှာ စာရင်းကောက်ယူခဲ့ပြီး ညနေပိုင်းမှာ မန္တလေးမြို့ကို ဆက်လက်ထွက်ခွာသွားပါတယ်။ အခုရက်အတွင်း လောက်ကိုင်မြို့က နေရပ်ပြန်လာကြသူ အယောက် ၆၀၀ ကျော် ရှိသွားပြီလို့ သိရပါတယ်။
Photo - Thein Min Tun / MPA