Home
မြန်မာသတင်း
မိုးညှင်းက ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၈ ဦးတွင် COVID-19 ရောဂါပိုးမတွေ့
DVB
·
April 30, 2020
COVID-19 အတည်ပြုလူနာ နံပတ် ၁၄၄ နဲ့ ထိတွေ့ခဲ့တဲ့ ကချင်ပြည်နယ်  မိုးညှင်းဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ စုစုပေါင်း ၁၈ ဦးစလုံးမှာ COVID-19 ရောဂါပိုး မတွေ့ရှိရဖူးလို့  မိုးညှင်းဆေးရုံမှ ဆရာဝန်တဦးက ပြောပါတယ်။ မိုးညှင်းမြို့ quaratine စင်တာမှတဆင့် မိုးညှင်းခရိုင်ဆေးရုံကြီး ကြပ်မတ်ဆောင်သို့ ပြောင်းရွှေ့ကုသခဲ့တဲ့ လူနာအမှတ် ၁၄၄ နဲ့ ထိတွေ့ခဲ့သူတွေကို ဧပြီ ၂၇ ရက်က နှာခေါင်း အာခေါင်တို့ဖတ် ပေးပို့စစ်ဆေးထားတာဖြစ်ပါတယ်။ မိုးညှင်းဆေးရုံမှ ဆရာဝန် ဒေါက်တာဖြူလေးဝေက "၁၈ ဦးစလုံး ပိုးမတွေ့ အဖြေရပါတယ်။ ဒုတိယအကြိမ် မေလ ၄ ရက်နေ့ ပြန်စစ်ဆေးဖို့ တို့ဖတ်ပြန်ယူမှာပါ။ ဒုတိယအကြိမ်စစ်ဆေးလို့ ပိုးမတွေ့ Negative အဖြေထွက်လာရင် ၂၁ ရက် quarantine စောင့်ကြည့်ခံရတဲ့ နေအိမ် ၃၈ လုံးနဲ့ မိသားစုတွေ ထွက်လို့ရပါပြီ” လို့ ပြောပါတယ်။ COVID-19 လူနာ ၁၄၄ ကတော့  "ကျနော်နဲ့ထိတွေ့ခဲ့သူ ရန်ကုန်ချန်းရိစက်ရုံကရော မိုးညှင်းကတွေရော အားလုံးပိုးမတွေ့လို့ ဝမ်းသာပါတယ်။ ကျနော် မြစ်ကြီးနားဆေးရုံမှာပဲ ကျန်းမာရေးအခြေအနေ တဖြည်းဖြည်း ကောင်းလာပါပြီ”လို့ ဖုန်းနဲ့ဖြေကြားပါတယ်။ COVID-19 လူနာအမှတ် ၁၄၄ ဟာ ရန်ကုန်လှိုင်သာယာစက်မှုဇုန်ရှိ ချန်းရိ စက်ရုံက စကားပြန်ဝန်ထမ်းတဦးဖြစ်ပြီး အဆိုပါ စက်ရုံမှာ လုပ်သားအင်အား ၈၀၀၀ လောက် အလုပ်လုပ်ကိုင် နေကြတာဖြစ်တဲ့အတွက် ကူးစက်ခံရသူတွေ များပြားလာမှာကို စိုးရိမ်ခဲ့ကြတာပါ။ သတင်း - မုန်းမုန်းမင်း 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024