Homeမြန်မာသတင်း
COVID-19 ရောဂါပိုးကင်းစင်သွားသူ ၁၆ ဦး ဆေးရုံကဆင်း၊ အတည်ပြုလူနာ ၁၁ ဦး နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့
COVID-19 ရောဂါပိုးကင်းစင်သွားသူ ၁၆ ဦး ဆေးရုံကဆင်း၊ အတည်ပြုလူနာ ၁၁ ဦး နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့
DVB
·
April 30, 2020
COVID-19 အတည်ပြုလူနာတွေထဲက ရောဂါပိုးကင်းစင်သူ ၁၆ ဦးကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး အသွားအလာ ဆက်လက်ကန့်သတ်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကျန်လူနာတွေထဲက ဓာတ်ခွဲနမူနာတွေရယူ ထပ်မံစစ်ဆေးရာမှာ (၂) ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့လည်း သိရပါတယ်။
အဆိုပါ ၁၁ ဦးကတော့ လူနာအမှတ် Case - 001၊ 002၊ 008၊ 032၊ 033၊ 038၊ 041၊ 047၊ 050၊ 054 နဲ့ 058 တို့ ဖြစ်ကြပါတယ်။
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီ ၃၀ ရက်မနက် (ဒုတိယအသုတ်) အဖြစ်စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၈၄ ခုမှာ COVID-19 ရောဂါအတည်ပြုလူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။
အလားတူ ဧပြီ ၂၉ ရက် ညနေက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)နဲ့ ဆေးသုတေသနဦးစီးဌာန (DMR)တို့မှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၁၀ ခုမှာလည်း COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ ထုတ်ပြန်ထားပါတယ်၊
မြန်မာနိုင်ငံမှာ ဧပြီ ၃၀ ရက် မနက် ၇ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၅၀ ဦး ၊ သေဆုံးသူ ၆ ဦးနဲ့ ပြန်ကောင်းလာသူ ၁၆ ဦးရှိပါတယ်။